နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ ဘိုးဘေးများ ခေတ်အဆက်ဆက် 
ထူထောင်ခဲ့သော နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန် ကာကွယ်စောင့်ရှောက်သွားရမည်

 

နေပြည်တော်   မေ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်         ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)    ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်းသည်   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊  ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော် အရာရှိကြီးများ၊     အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် မော်လမြိုင် တပ်နယ်နှင့်      ထားဝယ်တပ်နယ်တို့မှ    အရာရှိ၊ စစ်သည်၊    မိသားစုဝင်များအား   တပ်နယ်ခန်းမ အသီးသီးတွင်   သီးခြားစီတွေ့ဆုံ၍   အမှာစကား ပြောကြားသည်။ 

 


လေ့လာသင်ယူနေရမည်


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်    ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာ စကားပြောကြားရာတွင်   အဆင့်အတန်းအားလုံး သည်   တည်မြဲအမိန့်အသီးသီးတွင်  ကိုယ်စီတာဝန် ဝတ္တရားများ သတ်မှတ်ပေးထားပြီးဖြစ်၍ တစ်ဦးချင်း အလိုက် သိရှိနားလည်ရန်လိုအပ်ကြောင်း၊ အသိမှန် မှသာ  အလုပ်မှန်၍    ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်    လုပ်ငန်းတာဝန်ကို    သိရှိပါက လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အသားကျ သော လေ့ကျင့်မှု လိုအပ်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှု ပြည့်ဝမှသာလျှင်  ဖွဲ့စည်းတပ်ဆင်ပေးထားသော ခေတ်မီ  စစ်လက်နက်ပစ္စည်းကိရိယာနှင့် ယန္တရား များကို   ပိုင်နိုင်စွာ    အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသော    လက်ရုံးဝန်ထမ်းများအနေဖြင့် သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာဘာသာရပ်များကို ပြောင်းလဲတိုးတက်လာသည့်  စစ်မှုသိပ္ပံနည်းပညာ များနှင့်အညီ    တတ်ကျွမ်းနေရန်    မပြတ်လေ့လာ သင်ယူနေရမည်ဖြစ်ကြောင်း။ 

 


အကောင်းဆုံးစီမံအုပ်ချုပ်သွားရန်လို


လေ့ကျင့်သင်ကြားမှုတိုင်းတွင်     သင်ကြားပေး သည့်    နည်းပြအရာရှိ၊    စစ်သည်များအနေဖြင့်  သင်ယူသူတို့၏ ယုံကြည်ကိုးစားထိုက်သော အရည် အချင်းပြည့်ဝရန်နှင့် လေးစားအားကျလောက်သည့်  အပြုအမူ     အပြောအဆို    ဟန်ပန်အမူအရာမှစ၍ သတိပြုတည်ဆောက်နေရန်လိုကြောင်း၊ ပေးအပ်လာ သည့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ရာတွင် အောင်မြင်မှုရနိုင်ရန် အုပ်ချုပ်ရေးကို  စနစ် တကျဆောင်ရွက်ရန်လိုကြောင်း၊    တပ်မတော်၏ အုပ်ချုပ်ရေးကို   စစ်ဦးစီး၊   စစ်ရေး၊   စစ်ထောက်    ပင်နယန်ကြီး သုံးရပ်ဖြင့် လည်ပတ်ဆောင်ရွက်လျက် ရှိပြီး   လုပ်ငန်းတာဝန်အားလုံးအတွက်   လုပ်ထုံး လုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ   သတ်မှတ်ပေး ထားပြီးဖြစ်ကြောင်း၊   စစ်သည်များ၏    စားရေး၊  နေရေး၊ ဝတ်ရေးမှစ၍  ကျန်းမာရေးအထိ  ထောက်ပံ့ ဖြည့်ဆည်းမှုများအပြင် မိသားစုများ၏ အရေးအရာ များကိုလည်း    အုပ်ချုပ်ရေးဆိုင်ရာ   သတ်မှတ် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊    တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် တပ်မတော်၏ မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများကို  သိရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့်   အကောင်းဆုံးစီမံ အုပ်ချုပ်သွားရန်လိုကြောင်း၊ ထိုသို့ အုပ်ချုပ်ရာတွင် လည်း တပ်မှူးများအနေဖြင့် မိဘသဖွယ်စိတ်ဓာတ်နှင့် စစ်ခေါင်းဆောင်စိတ်ဓာတ်ကို     နေရာမှန်အောင် ဆက်ဆံ၍ ဦးဆောင်သွားရန် လိုကြောင်း။  

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အနေဖြင့်  နိုင်ငံတော်ကို ထိန်းသိမ်းထမ်းဆောင်နေသည့် ကာလ ၁ နှစ်နှင့်  ၃ လအတွင်း  ပြည်တွင်း၊ ပြည်ပ သွေးထိုး လှုံ့ဆော်မှုများ၊ အဖျက်အမှောင့်နှင့်   အကြမ်းဖက် လုပ်ငန်းများအပြင်  ဘာသာ သာသနာကို    ဖျက်ဆီး စော်ကားသည်အထိ  လုပ်ဆောင်၍ နိုင်ငံကို  အလုံးစုံ ပျက်စီးအောင်   ကြိုးပမ်းမှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊   လုံခြုံရေးတပ်ဖွဲ့ ဝင်များက      ပြည်သူလူထုနှင့်  လက်တွဲ၍    ပူးပေါင်း ကျော်လွှားနိုင်ခဲ့ကြောင်း၊      အုပ်ချုပ်မှုယန္တရား    ရပ်တန့်၍   တည်ဆဲအစိုးရ   ပြုတ်ကျရန်    ကြိုးပမ်းမှု မအောင်မြင်သောအခါ    ဖွဲ့စည်းမှု     ခိုင်မာသော တပ်မတော်ကို ဖြိုခွဲရန်   ကြိုးစားလာသော်လည်း  အချည်းနှီးသာ    ဖြစ်ခဲ့ကြောင်း၊       ဆက်လက်၍ သွေးခွဲမှုများ      လုပ်ဆောင်လာနိုင်ခြင်းကြောင့်   သတိရှိရှိဖြင့်   သွေးစည်းညီညွတ်နေရန်လိုကြောင်း။

 


 တပ်မတော်၏       အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ ဘိုးဘေးများ ခေတ်အဆက်ဆက် ထူထောင်ခဲ့သော နိုင်ငံတော် ကြီး     အဓွန့်ရှည်တည်တံ့ခိုင်မြဲနေရန်   ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ပြီး ထိုသို့ကာကွယ်နိုင်ရန် လည်း တပ်မတော်သားအချင်းချင်းနှင့် မိသားစုဝင် များ အချင်းချင်းတို့သည် ရေပက်မဝင်သော စည်းလုံး ညီညွတ်မှုရှိနေရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အရေးကြီးသော အစိတ်အပိုင်းမှ ပါဝင်ဆောင်ရွက်နေရသဖြင့် ပေးအပ် လာသော     လုပ်ငန်းတာဝန်များ     ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင် နေရန်လိုကြောင်း၊ သို့ဖြစ်၍ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးအသိဖြင့် နေထိုင်စားသောက်လုပ်ကိုင် ရန်လိုကြောင်း   မှာကြားပြီး    တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများ   ပေးအပ်ရာ  တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား  ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြသည်။

 


ဆက်လက်၍      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး     စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ     မော်လမြိုင်မြို့      နယ်မြေခံ တပ်မတော်ဆေးရုံ၌   တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊  စစ်သည်၊ မိသားစုများ နှင့်   ပြည်သူများအား   သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေ များကို   မေးမြန်းအားပေးစကား   ပြောကြားကာ စားသောက်ဖွယ်ရာများနှင့်  ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များသည်     ဆေးရုံအတွင်း   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး    ဆေးရုံတွင်   တာဝန်ထမ်း ဆောင်လျက်ရှိသည့်    ကျန်းမာရေးဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်