
နေပြည်တော် မေ ၅
ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘယ်လာရုစ်သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ဗလာဒီမာဂိုရှင်း ၏ နေရာတွင် မစ္စတာ အူလာဇမီယာ ဘာရာ ဗီကူ အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
မစ္စတာ အူလာဇမီယာ ဘာရာဗီကူ ကို ၁၉၇၅ ခုနှစ် မတ် ၃ ရက်တွင် မွေးဖွားခဲ့ သည်။ ၎င်းသည် ၁၉၉၇ ခုနှစ်တွင် ဘယ်လာရုစ်အစိုးရတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သိပ္ပံမှ စီမံခန့်ခွဲမှုနှင့် ဥပဒေဘာသာရပ်ဖြင့်မဟာဘွဲ့ကိုရရှိခဲ့သည်။ ၎င်းသည် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၁၉၉၇ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်သာလန် နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ပိုလန်နိုင်ငံရှိ ဘယ်လာ ရုစ်သံရုံးများတွင် သံတမန်ရာထူးအဆင့်ဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အင်္ဂလိပ်၊ ပိုလန်နှင့် ပြင်သစ်ဘာသာစကား တို့ကို တတ်ကျွမ်းသည်။ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘယ်လာရုစ်သမ္မတ နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးတစ်ဦးထွန်းကားသည်။
သတင်းစဉ်