“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်


 

နေပြည်တော်    မေ   ၃
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  အကြမ်း ဖက်မှုတားဆီးရေးဆိုင်ရာ     ကိစ္စရပ်များနှင့် ပတ်သက်၍    ပရိသတ်များ၏   ရင်တွင်း ခံစားချက်စကားသံများကို  သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား”  အစီအစဉ် မှ    “စစ်ကိုင်းတိုင်းဒေသကြီး၊    စစ်ကိုင်း မြို့နယ်၌   PDF   အမည်ခံ  အကြမ်းဖက် အဖွဲ့ က       ထောင်ထားသည့်       လက်လုပ်မိုင်း ပေါက်ကွဲ၍    ကိုရင်ငယ်နှစ်ပါး   သေဆုံး ကာ     ကိုရင်ငယ်တစ်ပါး   ဒဏ်ရာရရှိမှု”  ခေါင်းစဉ်ဖြင့်   မေ ၄ ရက်   မွန်းလွဲ  ၁ နာရီ တွင်   ထုတ်လွှင့်   တင်ဆက်ပေးသွားမည် ဖြစ်သည်။
လာမည့်အပတ်    ဗုဒ္ဓဟူးနေ့    မွန်းလွဲ ၁ နာရီတွင် “လူငယ်များရဲ့ ပညာသင်ကြား ရေးကို     ခြိမ်းခြောက်နေသော    အနာဂတ် ကို   အညွန့်ချိုးနေတဲ့    နိုင်ငံရေး   အစွန်း ရောက်  အကြမ်းဖက်သမားများ” ဆိုသည့်     ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ် သောကြောင့်   ပါဝင်ဆွေးနွေးလိုသူ   ပရိသတ် များအနေဖြင့်    အပတ်စဉ်   ကြာသပတေးနေ့  နံနက် ၁၀ နာရီမှ ၁၁ နာရီ အတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့      အမည်၊   နေရပ် လိပ်စာ၊     အလုပ်အကိုင်နှင့်     ပြန်လည် ဆက်သွယ်ရမည့်  ဖုန်းနံပါတ်တို့ကို  Message      ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်    ပါဝင်လာ သည့်    ပရိသတ်များ၏     ဖုန်းနံပါတ်များနှင့်  ကိုယ်ရေးအချက်အလက်များကို   လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရသည်။     
သတင်းစဉ်