ရေလုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ

 

 

ကော့သောင်း   မေ   ၃
တနင်္သာရီတိုင်းဒေသကြီး   ကော့သောင်းခရိုင်    ကမ်းနီး(FOB)စစ်ဆေးရေးစခန်းတွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊  ခရိုင် ငါး  လုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ ဧပြီ ၃၀ ရက်တွင်  ငါးဖမ်းကွက်မှ ရာသီသိမ်း ပြန်လည်ဝင်ရောက်လာသော(ဝိုင်းချုပ်ငါးဖမ်း၊ ကင်းမွန်း ငါးဖမ်း) ရေယာဉ်ပေါ်ပါ ရေလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ဧပြီ   ၃၀ ရက်က    ပထမအကြိမ်တွင်  ၄၉၀ နှင့် မေ ၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၄၆၀ တို့ကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်