၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊  ဧပြီ ၂၇ ရက် မွန်းလွဲ  ၁  နာရီတွင်  ပြန်ကြားရေးဝန်ကြီးဌာန၊    ဝန်ကြီးရုံး   စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
(ယမန်နေ့မှအဆက်)
Voice  of  Myanmar  သတင်းဌာနမှ  သတင်းထောက် ဦးမောင် မောင်ထွန်းက  လတ်တလောတွင် အဖွဲ့စုံနာမည်ခံ၍  စိတ်ထင်တိုင်း လူများကိုသတ်ဖြတ်ခြင်း၊  ရဟန်းသံဃာများကို  သတ်ဖြတ်ခြင်း၊ အိုးအိမ်စည်းစိမ်များစွန့်လွှတ်ပြီး  ထွက်ပြေးပုန်းရှောင်ရခြင်း  စသည့် သတင်းများကြားသိနေရကြောင်း၊          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရန်အတွက်   မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို  သိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိမိအနေ ဖြင့်  ဖြေကြားပြီးဖြစ်ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး  ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို    အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ပြည်သူ့အင်အား၊   လိုအပ်သည့်    ထောက်ပံ့ပစ္စည်းအပြည့်အစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ပြည်သူလူထုအနေဖြင့်  ပူးပေါင်းပါဝင် လာလျှင်    အကြမ်းဖက်လုပ်ရပ်များ   လျင်မြန်စွာချုပ်ငြိမ်းသွားနိုင် ကြောင်း၊  ပြည်သူလူထုကို   ပူးပေါင်းပါဝင်ရန်အတွက် တိုက်တွန်းပါ ကြောင်း ပြန်လည်ဖြေကြားသည်။
 Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင် မောင်ထွန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုတွေ့ဆုံရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  ဖိတ်ခေါ်ထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မည်သည့်အဖွဲ့များနှင့် တွေ့ဆုံမည်၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက   တွေ့ဆုံလိုသည့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မေလ ၉  ရက်အထိ အချိန်သတ်မှတ်ထား ကြောင်း၊   စဉ်းစားရန်အချိန်ကာလအားဖြင့်  နှစ်ပတ်ပေးထားကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသား ၁၀  ဖွဲ့ရှိပြီး KNU၊  RCSS/SSA၊  PNLO၊ CNF၊ KNLA၊ DKBA၊ ABSDF၊ ALP၊ NMSP၊ LDU  စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်းက အဖွဲ့ ကိုးဖွဲ့နှင့် ဆက်သွယ်ရရှိပြီးဖြစ် ကြောင်း၊  အဆိုပါအဖွဲ့များအနေဖြင့် တက်ရောက်လိုသောဆန္ဒရှိသည့် အဖွဲ့များလည်းရှိကြောင်း၊ တွေ့ဆုံပွဲကို တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များအား  ကျန်အဖွဲ့များကဖယ်ကြဉ်နိုင်ကြောင်း၊ ယခုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်းက PDF  အဖွဲ့များ၏  လုပ်ဆောင်ချက်များကို တားမြစ်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်ကိုရစရာမရှိအောင် ပြောကြလိမ့်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းအနေဖြင့် လွတ်လပ်ရေးကို ရယူပေးခဲ့သည့်သူဖြစ်သော် လည်းမရနိုင်ကြောင်း၊ NCA  လက်မှတ်ရေးထိုး မထားသည့်အဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း၊ UWSA၊ NDAA၊ NSCN(K)၊ KIO၊ KIA၊ KNPP၊ ANC SSPP/SSA၊ TNLA၊ MNDA၊ WNO၊ AA  စသည့်အဖွဲ့များထဲမှာ အဖွဲ့  ရှစ်ဖွဲ့ဖြင့် အဆက်အသွယ်ရပြီးဖြစ်ကြောင်း၊   တက်ရောက်လိုသော  ဆန္ဒရှိသည့် အဖွဲ့များလည်းရှိကြောင်း ပြန်လည်ဖြေကြားသည်။
97 Media မှ သတင်းထောက်ချုပ် နန္ဒာလင်း (ထားဝယ်) က နိုင်ငံအတွင်း  လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အားစီမံကိန်းများကို လုပ်ဆောင်နေသည်ကို     သိရှိရကြောင်း၊    အဆိုပါစီမံကိန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ သိလိုကြောင်း မေးမြန်း သည်။    
ဗိုလ်ချုပ်ဇော်မင်းထွန်းက    စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍတွင် မူဝါဒပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ပြောမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက      တာဝန်ရှိသူများလည်း တက်ရောက်လျက်ရှိကြောင်း၊  ၎င်းတို့က အပြည့်အစုံဖြေကြားပေး လိမ့်မည်ဖြစ်ကြောင်း၊    စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ   ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအနေဖြင့်   ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်   လက်ရှိလုပ်ငန်း ပေါင်း  ၇၄ ခု၊  ရင်းနှီးမြှုပ်နှံမှုပမာဏ ၁၆ ဒသမ ၆ ဘီလီယံကျော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂ ခု အပါအဝင် ကျပ် ၁၃  ဒသမ  ၇  ဘီလီယံကျော်   ရင်းနှီးမြှုပ်နှံလျက်ရှိ ကြောင်း၊  လျှပ်စစ်ကဏ္ဍတွင်   လက်ရှိလုပ်ငန်းပေါင်း  ၃၄  ခုရှိပြီး၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃  ဘီလီယံကျော် ရှိကြောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ၂၆ ခု၊ ပမာဏအနေဖြင့် ကျပ် ၈၁၇ ဒသမ ၆  ဘီလီယံကျော်  လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်ကစပြီး အစိုးရအနေနှင့်  လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍  ရေအားလျှပ်စစ်အပြင်  တခြားအလားအလာရှိသည့် စီမံကိန်းများ ဆောင်ရွက်ရန်ကြိုးပမ်းသည့်အတွက်  စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင်      နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား    ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင်      ဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချနိုင်ရေး  ရင်းနှီးမြှုပ်နှံရန်အတွက် ပေးခဲ့ကြောင်း၊ မိမိပြောခဲ့သလို  ၎င်းထက်ကောင်းမွန်သည့်  အစီအမံ များကိုလည်း     ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်း၊  ကျန်သည့် အသေးစိတ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူများက ဆက်လက်ဖြေကြားလိမ့်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မူဝါဒ အပိုင်းအနေနှင့်   ဗိုလ်ချုပ်ဖြေကြားခဲ့သည်မှာ   ပြည့်စုံပါကြောင်း၊ မေးမြန်းသည့် နေရောင်ခြည်စွမ်းအင်သုံးနှင့် ရေအားလျှပ်စစ်စွမ်းအင် သုံး  အစီအစဉ်သည်  ဗိုလ်ချုပ်ဖြေကြားခဲ့သကဲ့သို့ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ CEO ဦးအောင်ကျော်ဦးက နံပါတ်(၁) မေးခွန်းအနေနှင့်  အုပ်ချုပ်ရေးမှူးများ အသတ်ခံရသည့်  ကိစ္စဖြစ်ပါ ကြောင်း၊ ယခုကာလတွင် မြန်မာပြည်တော်တော်များများတွင်ရှိသည့် အုပ်ချုပ်ရေးမှူးအများစုသည်  အသတ်ခံနေရကြောင်း၊  ရက်ရက် စက်စက်အသတ်ခံနေရသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင်  ပျံ့နှံ့ နေသည်ကို ဗိုလ်ချုပ်လည်း တွေ့လိမ့်မည်ဖြစ်ကြောင်း၊ အသတ်ခံရ သည့် အုပ်ချုပ်ရေးမှူးများမှာ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် ၎င်းတို့တွင်လက်နက်မရှိသောကြောင့်  သေမိန့်ကျခံပြီးသားလူကဲ့သို့ ဖြစ်နေကြောင်း၊  အထူးသဖြင့်  အကြမ်းဖက်သမားများ  သေနတ်ပစ် စမ်းရာတွင်  အုပ်ချုပ်ရေးမှူးများ၏ခေါင်းများသည်  အစမ်းသပ်ခံဖြစ် နေရကြောင်း၊ ဗိုလ်ချုပ်တို့အနေဖြင့် လက်ရှိအုပ်ချုပ်ရေးမှူးများအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ဆိုသည်ကို  သိလိုကြောင်း မေးမြန်း သည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ၎င်းကိစ္စနှင့်ပတ်သက်၍ မြင်တွေ့ရပါ ကြောင်း၊ မိမိတို့အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အုပ်ချုပ်ရေးမှူး များနှင့်ပတ်သက်၍    ကာကွယ်ပေးနိုင်မှုလစ်ဟင်းသည့်အတွက် အုပ်ချုပ်ရေးမှူးများနှင့်  ၎င်းတို့၏မိသားစုဝင်များကိုလည်း   မိမိတို့အနေဖြင့်တောင်းပန်ပါကြောင်း၊  ၎င်းကိစ္စနှင့်ပတ်သက်၍ ရှေ့လျှောက် မိမိတို့အစွမ်းကုန်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊  မိမိပြောခဲ့သည့် အထဲတွင်လည်း ပါဝင်ပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးစနစ်ထဲတွင် လည်း  ပါပြီးဖြစ်ကြောင်း၊ လိုအပ်သည့်ပစ္စည်းကိရိယာများ၊ လိုအပ်သည့်ထောက်ပံ့ရေးပစ္စည်းများ၊ အထောက်အပံ့ပစ္စည်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 
နိုင်ငံ့သစ္စာသတင်းမီဒီယာမှ  CEO ဦးအောင်ကျော်ဦးက မိမိအပါ အဝင်   မြန်မာပြည်အနှံ့အပြားတွင်ရှိသည့် အမျိုးသားနိုင်ငံရေး သတင်းထောက် တော်တော်များများ အသတ်ခံရသည့်  ကိစ္စနှင့် ပတ်သက်၍  ယခင်သတင်းစာရှင်းလင်းပွဲ၌လည်း ဗိုလ်ချုပ်ကို တင်ပြပြီးဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့များက သတ်ဖို့အထိ  ခြိမ်း ခြောက်ခံနေရသည်မှာလည်း ယနေ့အချိန်အထိဖြစ်ကြောင်း၊ မိမိအပါ အဝင်  နိုင်ငံ့သစ္စာခံသတင်းဌာနအဖွဲ့ဝင် သတင်းသမားများ အကုန်လုံး နီးပါး  ထိုသို့အခြိမ်းခြောက်ခံနေရကြောင်း၊  တကယ့်မြေပြင် အနေ အထားတွင်     မိမိတို့အမျိုးသားနိုင်ငံရေးသတင်းထောက်များကို တကယ်တမ်းကူညီပေးမည့်သူဆိုသည်မှာ    မရှိသလောက်ဖြစ်ပါ ကြောင်း၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်မှာရှိသည့်လက်နက်နှင့် ပြန်ခုခံ ကာကွယ်မည်ဆိုလျှင်  လက်နက်ကိုင်ဆောင်မှုနှင့်  အဖမ်းခံရနိုင် ကြောင်း၊  လက်ဝယ်မကိုင်ဆောင်ထားပြန်လျှင်လည်း အကြမ်းဖက် အဖွဲ့ဝင်များ၏ အသတ်ခံရနိုင်ရန် သေချာသလောက်ရှိနေကြောင်း၊ ဧပြီလ ၂၁ ရက်နေ့က မိမိကို သတ်ရန်ဆိုပြီး Online Meeting တစ်ခုတွင် ၎င်းတို့အစည်းအဝေးထိုင်ကြကြောင်း၊   မြို့ပေါ်ကအဖွဲ့နှင့်  တောက အဖွဲ့ဟု  ၎င်းတို့ပြောကြကြောင်း၊ မြို့ပေါ်ကအဖွဲ့က မိမိကိုသတ်လို ကြောင်း၊   တောကအဖွဲ့က မသတ်ပါနဲ့ဆိုပြီးတားကြောင်း၊ ရယ်စရာ လည်းကောင်းကြောင်း၊  ၎င်းတို့နှစ်ဖွဲ့ပြေလည်မှ မိမိကအသတ်ခံရမလို ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့များကို တင်ပြရန် ရှာသည့်အခါတွင်လည်း၊ ၎င်းတို့သည် အလုပ်များ၍လားမသိ  လုံးဝ မတွေ့ရပါကြောင်း၊ ၂၁ ရက်နေ့မှ ယနေ့အချိန်အထိကြာပြီဖြစ်ကြောင်း၊ မိမိသွားရောက်၍စောင့်သော်လည်း         ၎င်းတို့ကိုမတွေ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး   ဗိုလ်ချုပ်တို့အနေနှင့်  မိမိအစီအစဉ်နှင့် မိမိကိုယ်ကိုမိမိခုခံကာကွယ်ရန်၊       အကြမ်းဖက်ရန်ပြုသူများကို ပြန်လည်ခုခံရန်  လက်နက်ကိုင်ဆောင်ခွင့် မိမိအစီအစဉ်နှင့်  ခွင့်ပြု ပေးနိုင်မလား သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  လက်နက်ကိုင်ဆောင်ခွင့်ဆိုသည်မှာ ၎င်း၏ဥပဒေစည်းမျဉ်းများရှိပြီးဖြစ်ကြောင်း၊  ပြည်ထဲရေးဝန်ကြီး ဌာနတွင် မိမိကိုယ်ကိုကာကွယ်ရန်အတွက်  လက်နက်လျှောက်သည် ဆိုသည်မှာ  အတိုချုံ့ပြောရလျှင်   လိုင်စင်နှင့်လျှောက်ရခြင်းဖြစ် ကြောင်း၊  နိုင်ငံသားများအတွက်  ထိုလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ရမည်ဖြစ်ကြောင်း၊   သတင်းသမားနှင့်ပတ်သက်၍ တိုက်တွန်း လိုသည်မှာ   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြောရေးဆိုခွင့်ရှိသူ တာဝန်ထမ်းဆောင်နေသည့် ဝန်ကြီးများရှိကြောင်း၊ ထိုဝန်ကြီးများ စာရင်းကို  မိမိသတင်းစာရှင်းလင်းပွဲပြီးလျှင်  ပေးလိုက်မည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတင်းထောက်များ အနေဖြင့်  ထိုဝန်ကြီးများနှင့် ဆက်သွယ်ပြီး မိမိတို့လိုအပ်သည့် အကူ အညီများ           ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။  
ခေတ်ပုံရိပ်သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်ထွန်းဝင်းက မိမိအနေဖြင့် ပဲခူးတိုင်းကအနေအထားကိုတင်ပြလို၍ လာရောက်ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ညနေကအထိ ပြည်သူများကို တိုင်းဒေသကြီး အစိုးရ၏ ခေါင်းစဉ်အောက်တွင်                      ဆောင်ရွက်နေမှုအနေအထားများကို တင်ပြလိုကြောင်း၊ ယခင်  ၂၀၁၃၊  ၂၀၁၄ ခုနှစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊  သနပ်ပင်မြို့နယ် တို့၌  ကမ်းပြိုမှုများဖြစ်ပွားခဲ့ဖူးကြောင်း၊  ယင်းကြောင့်  ပြည်သူအချို့ နေစရာပင်မရှိတော့ဘဲ  လယ်ယာမြေများပါပျောက်ဆုံးခဲ့ကြသဖြင့်    ပဲခူးမြို့ပေါ်တက်ပြီး  လာရောက်နေထိုင်ကြသည်မှာ  ၉ နှစ်၊ ၁၀ နှစ် ပတ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း၊  ယခင်က မည်သည့်ပြဿနာမှ မရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလခန့်က  စတင်ပြီး  “ကျူး” ဆိုသည့်   ခေါင်းစဉ်တပ်ပြီး    ဖယ်ရှားမှုများရှိနေကြောင်း၊   ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်ပတ်သက်၍ မေးမြန်းလိုပါကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် မိမိတို့မြန်မာနိုင်ငံမြေပေါ်၌ မည်သည့်နေရာမဆို  ဥပဒေနှင့်အညီ အခြေချနေထိုင်ခွင့်ရှိသည်ဟု ရေးသားထားသည်ကို တွေ့ရပါကြောင်း၊ မိမိတို့သည်  လက်ရှိမြန်မာ လူမျိုး၊ မြန်မာနိုင်ငံသားများပင်ဖြစ်ကြောင်း၊ ရာသီဥတုဘေးဒဏ်ကြောင့်  ပျက်စီးဆုံးရှုံးပြီး နေစရာမရှိကြသဖြင့်  မြို့ပေါ်တက်ကာ   ခုတ်ထွင် ရှင်းလင်းပြီးနေထိုင်ကြပါကြောင်း၊ အခုအခါ စက်မှုဖော်ဆောင်ရေး၊  လမ်းပန်းဆက်သွယ်ရေး စသည်တို့ကို အကြောင်းပြပြီး ဖယ်ရှားနေ သည်မှာ   ယမန်နေ့ကအထိဖြစ်ကြောင်း၊    ယင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို  မည်သို့ညွှန်ကြားထားသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီးအနေဖြင့် အခြေခံ ဥပဒေကို  ကိုးကားမေးမြန်းသွားသည်ကို  တွေ့ရပါကြောင်း၊   မိမိ အနေဖြင့်   မူဝါဒပိုင်းဆိုင်ရာအရ   ဖြေကြားသွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေကို ကိုးကားရာတွင် အခြေခံဥပဒေကို သေချာလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ အမှန်တကယ်ဖြစ်ပျက်နေသည့်အခြေအနေ ကို လာရောက်ပြောကြားခြင်းဖြစ်သောကြောင့် အပြစ်တင်စရာမရှိပါ ကြောင်း၊  အခြေခံဥပဒေ  ပုဒ်မ  ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မည်သည့်ဒေသ၌မဆို ဥပဒေနှင့်အညီ    အခြေစိုက်နေထိုင်ခွင့်ပြုရမည်ဟု    ပါရှိကြောင်း၊ ဥပဒေနှင့်အညီဟုပါရှိသည့်အတွက်   ယင်းအချက်ကိုဂရုပြုရမည်ဖြစ် ကြောင်း၊ ယင်းကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မိမိတို့ ပြန်လည် မေးမြန်းပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဥပဒေနှင့်မညီဘဲ    လုပ်ဆောင်စရာအကြောင်းမရှိဟု    ထင်မြင်ပါ ကြောင်း၊ တစ်ဖက်ဖက်တွင် လိုအပ်ချက်များရှိလိမ့်မည်ဖြစ်ကြောင်း၊  ယင်းတို့ကြောင့်   ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ သက်ဆိုင်ရာကို ပြန်လည်မေးမြန်းပြီးမှ  ဖြေဆိုရမည့် မေးခွန်းဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။ 
ခေတ်ပုံရိပ်သတင်းဌာနမှ သတင်းထောက်ဦးဉာဏ်ထွန်းဝင်းက ဥပဒေနှင့်အညီဆိုပါက  မိမိတို့ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို  သိရှိလိုလျှင်  မည်သည့်နေရာဌာနသို့ ဆက်သွယ်မေးမြန်းရမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဥပဒေနှင့်အညီ မည်သို့လျှောက်ရမည်က လုပ်ထုံးလုပ်နည်းရှိပြီးဖြစ်ကြောင်း၊     ဥပမာပြောရမည်ဆိုပါက   တချို့အရာများသည်   မလွတ်မကင်းဖြစ်မည်ဖြစ်ကြောင်း၊    ဘိန်းထုပ် နှင့်   စိတ်ကြွဆေးပြားများမိ၍    ထောင်ကျခါနီးတွင်   စိတ်ကြွဆေးပြား ဥပဒေပြဋ္ဌာန်းထားသည်ကို မိမိမသိရှိပါဟုပြော၍မရကြောင်း၊ ထိုသို့ ပြောပါက ဥပဒေနှင့် နှိပ်စက်သည်ဟူ၍   ဖြစ်လာဦးမည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး  ပြောသည့်ကိစ္စသည်     ယခုဖြစ်ပြီးသွားပြီဖြစ် ကြောင်း၊    ဖြစ်သွားသည်များကို    စုံစမ်း၍သာရမည်ဖြစ်ကြောင်း၊     တချို့ကိစ္စများအားလုံးကို မိမိအကုန်မသိနိုင်ပါကြောင်း၊ တချို့ကိစ္စ များသည်    လက်ငင်းဖြေရှင်း၍မရပါကြောင်း၊  မိမိပြောသည်ကို  Quote  လုပ်ပြီး      ဗိုလ်ချုပ်ဇော်မင်းထွန်းက   မည်သို့ပြောသည်၊ ထို့ကြောင့် မိမိတို့ရပိုင်ခွင့်ရှိသည်ဟုဖြစ်၍မရပါကြောင်း၊   ဗိုလ်ချုပ် ဇော်မင်းထွန်းက  မည်သို့ပြောသည်၊ ထို့ကြောင့် ရပိုင်ခွင့်မရှိဟုလည်း ပြော၍မရပါကြောင်း၊  တရားဥပဒေသည်  ၂  မျိုးရှိကြောင်း၊  တရား ဥပဒေတွင်  တရားမမှုများတွင်  နံပါတ်တစ်အနေဖြင့်  ရပိုင်ခွင့်နှင့် ပတ်သက်ပြီး   မိမိတို့၏ရပိုင်ခွင့်ကို  မတရားမဆုံးရှုံးစေခြင်းကို  ကာကွယ်ကြောင်း၊    နံပါတ်နှစ်အနေဖြင့်    မိမိတို့၏ရပိုင်ခွင့်နှင့်   ပတ်သက်ပြီး     တရားသောရယူမှုဖြစ်ခြင်းကိုကာကွယ်ကြောင်း၊   နှစ်ခုလုံးကို   မိမိတို့က   ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မတရားဆုံးရှုံးခဲ့ပါသလား၊  မတရားမဆုံးရှုံးခဲ့ဘူးလား ဟု မိမိမသိပါကြောင်း၊ တရားစွာရယူခဲ့သည်၊ မတရားရယူခဲ့သည်ကို  မိမိမသိနိုင်ကြောင်း၊  ဥပဒေနှင့်အညီရယူသည်၊  ဥပဒေနှင့်မညီဘဲရ ယူသည်၊  ဥပဒေနှင့်အညီအခြေချသည်၊  ဥပဒေနှင့်မညီဘဲ  အခြေချ သည်၊   ထိုသို့ပြုလုပ်ခြင်းအားဖြင့်   ၎င်းကိုမတရားဆုံးရှုံးစေသလားဟု  အကြောင်းအရာအချက်အလက်များဖြင့်      တွေ့ရမည်ဖြစ်ကြောင်း၊  ထိုအကြောင်းအရာအချက်အလက်များကို တရားဥပဒေအရ ဆုံးဖြတ် သည့်အခါ၊  ထို့ကြောင့်  တရားလို/တရားခံဟု  ဖြစ်ပေါ်လာခြင်း၊ တရားပြိုင်များ ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊  ထို့ကြောင့် နှစ်ဖက် စလုံးကို   နားထောင်ရမည်ဖြစ်ကြောင်း၊  တစ်ဖက်တည်းကိုမေးပြီး တစ်ဖက်တည်း၏အဖြေကို ပေးနိုင်ရန်အကြောင်းမရှိပါကြောင်း၊ မိမိ ဖြေနိုင်သည့်အဖြေသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရကို သက်ဆိုင် သူများအနေဖြင့်  မေးပေးမည်ဖြစ်ကြောင်း၊   လိုအပ်သည်များကို ဖြေကြားပေးမည်ဟု ပြောလိုကြောင်းဖြေကြားသည်။  
ခေတ်ပုံရိပ်သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်ထွန်းဝင်းက ဗိုလ်ချုပ်တို့ပြောသည့်  PR စနစ်ဖြင့် ဆောင်ရွက်ရန် ရွေးကောက်ပွဲ နီးနေပြီဖြစ်ကြောင်း၊ ခရီးသွားသည့်အခါတွင်လည်း  မှတ်ပုံတင်လိုအပ် လာပါကြောင်း၊  မှတ်ပုံတင်မပြနိုင်ပါက ရပ်/ ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့်  သွား၍မရပါကြောင်း၊ မှတ်ပုံတင်ပါမှ  သွား၍ရ မည်ဆိုသည့်အတွက်  နိုင်ငံတော်က ကြပ်မတ်ပြီး ပန်းခင်းစီမံချက် အချက် ၄ ချက်ဖြင့်  ဆောင်ရွက်ရာ အောင်မြင်သည်ကိုတွေ့ရသည့် အတွက်  ဝမ်းသာပါကြောင်း၊ ထိုနေရာတွင် တွေ့ရှိရသည်မှာ မိမိ မေးမြန်းသည့်ကိစ္စကဲ့သို့  ကမ်းပြိုပြီး  ရွာလုံးကျွတ်အိမ်များပျောက် သွားသည့်အခါ အိမ်ထောင်စုဇယားများ၊ မှတ်ပုံတင်များမရှိကြကြောင်း၊ ယခင်အိမ်ထောင်စုစာရင်းရှိသူ၊  မှတ်ပုံတင်ရှိသူများက သွားရောက်လုပ် ရသည်မှာမြန်ကြောင်း၊ ယခု အိမ်ထောင်စုဇယားသွားလုပ်ရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လက်မခံကြောင်း၊ ပြော၍မကောင်းသော ကြောင့်  မပြောလိုပါကြောင်း၊  ခက်ခက်ခဲခဲလုပ်ရပါကြောင်း၊ ယခု ရွေးကောက်ပွဲအတွက်နှင့် ခရီးသွားရန်အတွက်  အသက်ပြည့်ပြီးသူ များသည်  မှတ်ပုံတင်ရှိမှသာလျှင်  အဆင်ပြေမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်အတွက်ထပ်ပြီး  အိမ်ထောင်စုဇယားလည်း  မရှိသည့် အတွက်  မှတ်ပုံတင်လုပ်၍မရပါကြောင်း၊ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ရရှိရန်အတွက်  ထပ်မံ၍  ဗိုလ်ချုပ်တို့ဘက်က မည်သို့ ညွှန်ကြားထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက    ပန်းခင်းစီမံချက်နှင့်ပတ်သက်ပြီး ပျောက်သွားသည့် ပြောကြားချက်များ၊ မည်သည့်အထောက်အထားမရှိ သည့်  ပြောကြားချက်များကို  ခဏခဏ မေးခွန်းထုတ်နေခြင်းများရှိ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး      မည်ကဲ့သို့ဆောင်ရွက်ရမည်ကို  သတင်းစာများတွင်    တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အသေးစိတ်ကို  သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ က  ဖြည့်စွက်ဖြေကြားရာ ခေတ်ပုံရိပ်ဂျာနယ်မှ မေးမြန်းထားသည့် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မရှိခြင်းနှင့်  ရွေးကောက်ပွဲတွင် မဲပေးရန် မှတ်ပုံတင်မရှိခြင်းနှင့်ပတ်သက်ပြီး           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်      ဆယ်စုနှစ်ကာလအတွင်း ရွေးကောက်ပွဲ  ၃ ကြိမ်ကြုံခဲ့ပြီးဖြစ်ကြောင်း၊  ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့်  ၂၀၂၀    ပြည့်နှစ်   စသည့်နှစ်များတွင်   ပြုလုပ်သည့် ရွေးကောက်ပွဲများကို ကြုံခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲများ တွင် မဲစာရင်းအတွက်  လိုအပ်သည့်အရာများ ဝိုင်းဝန်းကူညီပံ့ပိုးပေး ခဲ့ကြောင်း၊  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်       မဲစာရင်းအတွက်      ဆောင် ရွက်ချက်အနည်းငယ်သာရှိကြောင်း၊ မဲပေးချိန်တွင် မှတ်ပုံတင်မရှိသည့် သူများရှိခဲ့ကြောင်း၊ ၂ ကြိမ်မဲပေးခြင်း၊ ၃ ကြိမ်မဲပေးခြင်းများ၊ အသက် တစ်ရာအထက်  မဲပေးခြင်း၊  မှတ်ပုံတင်မရှိဘဲမဲပေးခြင်းများဖြစ်ခဲ့ ကြောင်း၊ ထို့ကြောင့်  ပန်းခင်းစီမံချက်အနေဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ၁၈  လအတွင်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်  ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင် သူများ  မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများနည်းဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ စသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊၊
ထို့ကြောင့်  ယခုအခါ   မြို့ဝင်၊   မြို့ထွက်ဂိတ်များ၊  High Way လမ်းများတွင် သွားလာသူများကို   မှတ်ပုံတင်ရှိ/ မရှိ  စစ်ဆေးလျက်ရှိပြီး မှတ်ပုံတင်မရှိလျှင်  လုပ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း နှင့်   မှတ်ပုံတင်မရှိသည့်  အမျိုးအစား ၄ မျိုးရှိကြောင်း၊ လက်ရှိ နေထိုင်သည့်ဒေသတွင်  အမြဲနေထိုင်ပြီး  အိမ်ထောင်စုစာရင်းရှိပြီး မှတ်ပုံတင်မရှိသည့်သူများကတစ်မျိုး၊  လက်ရှိနေထိုင်သည့်ဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မရှိသည့်သူများက တစ်မျိုး၊  အခြားဒေသမှပြောင်းရွှေ့လာပြီး    အရင်နေခဲ့သည့်ဒေသတွင် အိမ်ထောင်စုစာရင်းရှိ၍  မှတ်ပုံတင်မရှိသည့်သူများက     တစ်မျိုး၊ အခြားဒေသမှရွှေ့ပြောင်းလာပြီး       ယခင်နေခဲ့သည့်ဒေသတွင် အိမ်ထောင်စုစာရင်းမရှိ      လက်ရှိနေထိုင်သည့်ဒေသတွင်လည်း အိမ်ထောင်စုစာရင်းမရှိ၊   မှတ်ပုံတင်မရှိသည့်သူများက  တစ်မျိုးရှိ ကြောင်း၊ ထိုကြောင့် ယခုအခါ လဝကရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်မရှိသူများ၊  အိမ်ထောင်စုစာရင်းမရှိသူများကို  ကွင်းဆင်း စစ်ဆေးပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း၊   ယခုအခါ  တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝေးလံခေါင်းပါး သည့် နယ်စပ်ဒေသများတွင် ဆောင်ရွက်ပေးနေမှုများကို သတင်းစာများ တွင်  တွေ့နိုင်ကြောင်း၊၊   
အိမ်ထောင်စုစာရင်းပုံစံ  ၆၆/၆ သည်    မူလအိမ်ထောင်စုစာရင်းက လက်ရှိနေထိုင်သည့်နေရာကို ယခင်နေထိုင်သည့်ဒေသမှ  ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း၊   ယခင်နေထိုင်သည့်   ဒေသတွင်ရှိသည့်  အိမ်ထောင်စုစာရင်းရှိပါက လက်ရှိနေထိုင်သည့်ဒေသသို့  ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်ရုံးများတွင် လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများပြုလုပ်ခြင်းသည်  နိုင်ငံသားတိုင်းတာဝန်ဖြစ်ကြောင်း၊  ယခုခန်းမအတွင်းရှိသူများသည် အိမ်ထောင်စုစာရင်းနှင့်     မှတ်ပုံတင်ရှိကြသည့်သူများပါကြောင်း၊ ကိုယ်တိုင်သွားရောက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  အိမ်ထောင်စု စာရင်းပြောင်း‌ရွှေ့ခြင်းသည် သက်ဆိုင်ရာမြို့နယ်ရုံးမှ    မြို့နယ်ရုံး အချင်းချင်းညှိနှိုင်းပေးပြီး   ဆက်သွယ်ဆောင်ရွက်၍    အိမ်ထောင်စု စာရင်းအား   အထွက်ပြုလုပ်ပေးကာ  အဆိုပါ  အိမ်ထောင်စုစာရင်းမှ ဖျက်ပေးလျက်ရှိကြောင်း၊ အိမ်ထောင်စု စာရင်းရှိပြီးသူကိုစိစစ်ပြီး ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုး  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊၊ 
နိုင်ငံသားလက်မှတ် ကိုင်ဆောင် သင့်သူ၊ နိုင်ငံသားပြုခွင့်လက် မှတ်ကိုင်ဆောင်သင့်သူ၊ ဧည့်နိုင်ငံသား လက်မှတ်ကိုင်ဆောင်သင့်သူ၊  FRC လက်မှတ်ကိုင်ဆောင်သင့်သူ အမျိုးမျိုးရှိသဖြင့် သင့်တော်သည့် လက်မှတ်တစ်မျိုးကို ထုတ်ပေးမည် ဖြစ်ကြောင်း၊  လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့်  မှတ်ပုံတင်  ကိုင်ဆောင်သူများအနေဖြင့် ယခင်ဒေသတွင်   နေထိုင်ခြင်းရှိ/မရှိကို   မြို့နယ်ရုံးအချင်းချင်း ဆက်သွယ်မေးမြန်းပြီး လက်ရှိကျေးရွာအုပ်စု ဥက္ကဋ္ဌနှင့် ၎င်းကိုသိသည့် ရပ်မိ ရပ်ဖ၊ ဘာသာရေးခေါင်းဆောင်တို့၏  ထောက်ခံချက်များဖြင့် Migration ဟုခေါ်သည့် M အမှတ်အသားပါ အိမ်ထောင်စုစာရင်းကို ထုတ်ပေးခြင်းများရှိကြောင်း၊ ထို့ကြောင့်  အိမ်ထောင်စုစာရင်း ဆောင်ရွက်သည့်အခါ  M အမှတ်အသားပါသည့် အိမ်ထောင်စုစာရင်း သည် ယခင်မူလ အိမ်ထောင်စုစာရင်းကဲ့သို့  ရေရှည်သုံးစွဲ၍ရနိုင် ကြောင်း၊ သို့သော် အဆိုပါ အိမ်ထောင်စုစာရင်းရှိတိုင်း မှတ်ပုံတင်ထုတ် မပေးပါကြောင်း၊ အိမ်ထောင်စုစာရင်းအပေါ်မူတည်ပြီး ကိုင်ဆောင် သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ထုတ်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံသားလက်မှတ်၊   နိုင်ငံသားပြုခွင့်လက်မှတ်၊   ဧည့်နိုင်ငံသား လက်မှတ်စသည့် ၃ မျိုး သာ မဲပေးခွင့်ရှိမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
မြန်မာနိုင်ငံပြည်သူ့မီဒီယာမှ သတင်းထောက် ဦးတင်အေးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြစ်သည့်  မြန်မာ့တိုင်းရင်းဆေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ကိုဗစ်-၁၉ ကုသ ဆေး၊ အခြားရောဂါဝေဒနာများပျောက်ကင်းစေသည့် ဆေးများကို ထုတ်လုပ်ပေးနိုင်ရန် မြန်မာနိုင်ငံအနှံ့အပြား၌ ပညာရှင်များ မထင် မရှားရှိနေကြကြောင်း၊ အဆိုပါပုဂ္ဂိုလ်များကို ခေါ်ယူပေးစေလိုကြောင်း၊ အဆိုပါပုဂ္ဂိုလ်များ၏ အချက်အလက်များကိုမူတည်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရအောင်ထုတ်လုပ်ရန် ပြောကြားခဲ့ကြောင်း၊  ထိုမိန့်ခွန်းများနှင့်ပတ်သက်ပြီး  အောင်မြင် အောင်ဆောင်ရွက်ရန်အတွက် ဥပဒေအရတွေ့ရသည့် အခြေအနေ တစ်ခုကိုတင်ပြလိုကြောင်း၊  သမ္မတ ဦးသိန်းစိန်   လက်ထက်တွင် ထုတ်ပြန်ပေးခဲ့သည့်  တိုင်းရင်းဆေးဥပဒေကို  ပြင်ဆင်သည့်ဥပဒေ၊ ပြည်ထောင်စုဥပဒေ အမှတ်(၈/၂၀၁၄)နှင့် ၂၀၂၀ ခုနှစ်  ဖေဖော်ဝါရီ        ၁၀ ရက်၊ ဇူလိုင် ၂၄ ရက်များတွင် ကြေညာသည့် တိုင်းရင်းဆေး ဥပဒေကြမ်းနှင့်  ကူးစက်ရောဂါ နှိမ်နင်းရေးဥပဒေကြမ်းတွင်ပါဝင် သည့် ကင်းလွတ်ခွင့်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့မှ ဥပဒေ၊ နည်းဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မျိုးကို ထုတ်ပြန်ပေးနိုင်မည်ဆိုလျှင် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလိုလားသည့် မြန်မာ့တိုင်းရင်းဆေးဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်မည့် အကြံဉာဏ်များပေးနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ပေး နိုင်ရန် ရှိ/မရှိကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိအနေဖြင့် ယင်းကိစ္စကို ကျွမ်းကျင်မှု မရှိသည့်အတွက်ကြောင့် သဘောမပေါက်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း ပြောကြားသည်။ 
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိသိရသည်မှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေဟူ၍  ရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးလည်းဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့်  ကိုဗစ်ကာကွယ်ဆေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်သည်မှာ  ဆေးခါးကြီးဟုခေါ်ကြောင်း၊ Extract ထုတ်ပြီး စမ်းသပ်သည့်အဆင့်သို့ ရောက်ပြီဖြစ်ကြောင်း၊ ယင်းဆေးကို ကိုဗစ် ရောဂါလူနာများအား စမ်းသပ်ရန်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ Ethical Clearance ဟုခေါ်သည့်   သုတေသနကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်လူနာနည်းပါးလာသည့်အတွက် ကြောင့် စမ်းသပ်သည့်အချိန်အနည်းငယ်ကြာမည်ဟု မိမိအနေဖြင့် ပြောလိုကြောင်း၊ ကိုဗစ်ဆေးအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဆရာကြီးများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းထောက်ကြီးအနေ ဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ သိလိုသည့်အကြောင်းအရာကို မေးမြန်း နိုင်ပါကြောင်း၊  မိမိအနေဖြင့် ထပ်မံဖြေကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံပြည်သူ့မီဒီယာမှ သတင်းထောက် ဦးတင်အေးက ပညာရှင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ပြီး အကြံဉာဏ်များပြုပေးမည်ဆိုပါက ပြုခွင့်ရမည်လား သိလိုကြောင်း မေးမြန်းသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အကြံပြု၍ရပါ ကြောင်း၊   တိုင်းရင်းဆေးထုတ်လုပ်သူများအသင်း၊  တိုင်းရင်းဆေး ကောင်စီ၊ တိုင်းရင်းဆေးပညာရှင်များ အစည်းအဝေးကို မကြာခဏ ဆောင်ရွက်ပြီး   တိုင်းရင်းဆေးပညာဦးစီးဌာနမှ  ယင်းကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။ 
နိုင်ငံ့အကျိုးပြုမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က နိုင်ငံတော် အစိုးရ၏ ပြည်တွင်းရေးအခြေအနေများကိုလည်း မိမိတို့နားလည်ပါ ကြောင်း၊ မိမိတို့နိုင်ငံအတွင်းမှ အခြေခံပြည်သူများမှာ ပြည်တွင်းနိုင်ငံ ရေးအကျပ်အတည်းနှင့်    အလုပ်အကိုင်များရှားပါးနေကြကြောင်း၊ ထို့အပြင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆေးနှင့် အခြားစားသောက်ကုန်များ၊  လောင်စာဆီများဖြစ်သည့်   ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့်ကုန်ဈေးနှုန်းမြင့်မားနေသည့်ဒဏ်ကို ခံစားနေရ ကြောင်း၊ အခြေခံပြည်သူများ စားဝတ်နေရေးပြေလည်စေရန်အတွက် လက်ရှိအစိုးရအနေဖြင့် ကုန်ဈေးနှုန်းများကျဆင်းလာစေရန်  စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်မှာ စားရေရိက္ခာဖူလုံရေးဟူ၍ ပါရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံစားကုန်များနှင့်ပတ်သက်ပြီး  ကုန်ဈေးနှုန်းကျဆင်းရေးဆိုသည်မှာ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် ဘယ်ဈေး နှင့်ရောင်းပါဟု  ညွှန်ကြားခွင့်မရှိကြောင်း၊  သို့သော်  အစိုးရအနေဖြင့် အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်ရေးကို အားစိုက် ဆောင်ရွက်လျက်ရှိသဖြင့် ကုန်ဈေးနှုန်းကျဆင်းရေး ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ အခြေခံစားကုန်များနှင့်ပတ်သက်ပြီး အာမခံချက်ရှိ အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံစားကုန်များ လက်ရှိဈေးနှုန်း  ထက်ကျဆင်းအောင်  ထုတ်လုပ်နိုင်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း၊  လုပ်ဆောင်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ နိုင်ငံအကျိုးပြုမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က လက်ရှိအစိုးရအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်း ဖက်ပြုလုပ်ရန် လှုံ့ဆော်သူများကို ညင်သာစွာကိုင်တွယ်ဖြေရှင်းသည် ကိုလည်းတွေ့ရကြောင်း၊ အစိုးရအနေဖြင့် ထိုသို့ကိုင်တွယ်ဖြေရှင်းနေမှု သည်  မိမိတို့ကိုးကွယ်ရာဖြစ်သော သာသနာပြုရဟန်းများ၊ အေးချမ်း စွာနေထိုင်လိုသော  ပြည်သူများ၊  နိုင်ငံ့ဝန်ထမ်းကောင်းများ၊   ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအတွက် ကြီးမားစွာ အခက်အခဲဖြစ်စေကြောင်း၊  ဒလန်ဟု စွပ်စွဲကာလုပ်ကြံသတ်ဖြတ်ခံနေရကြောင်း၊ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများနှင့် အကြမ်း ဖက်မှုပြုလုပ်ရန် လှုံ့ဆော်သူများအပေါ်  ပြစ်မှုပြစ်ဒဏ်များလျှော့ပေါ့ ပေးမှုကြောင့် နိုင်ငံတော်အစိုးရ၏ တရားရေးစီရင်ရေးဆုံးဖြတ်မှု အပေါ်လည်း  ပြည်သူများက  အားမလိုအားမရဖြစ်နေကြောင်း၊ ရေရှည်တွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အပိုင်း၊   တရားစီရင်ရေးအပိုင်းများတွင်  ယုံကြည်မှုနည်းပါးလာနိုင် ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုပြုလုပ် ရန်လှုံ့ဆော်သူများကို  နိုင်ငံတော်အစိုးရအနေဖြင့်  ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ပေးနေမှုများအား ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဝေဖန် ချက်များကိုလည်းတွေ့ရကြောင်း၊ တချို့ဝေဖန်ချက်များတွင်  ပြစ်မှု ပြစ်ဒဏ်များကိုလျှော့ပေါ့ပေးသည့်အတွက် ဝေဖန်ခံရမှုများလည်း တွေ့ရကြောင်း၊ တချို့လည်း အကြမ်းဖက်မှုများလုပ်ခဲ့သည့် လူများကို လွှတ်ပေးသည့်အတွက်  ရင်ဖွင့်ခြင်းများလည်းရှိကြောင်း၊ ထို့ကြောင့် ယင်းရင်ဖွင့်သံ၊   ပြောသံ၊   ဆိုသံများကို   မိမိတို့ကြားသိရသည်ဟု ပြောလိုကြောင်း၊  နှစ်ဆန်း တစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အချိန်တွင် မည်သူများ ပါ/မပါဆိုသည်ကို  သတိပြုမိမည်ဖြစ်ကြောင်း၊ ယင်းကိစ္စများကို စတင်ပြီး   ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)