မလေးရှား၌ ကိုဗစ် - ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၃၅၂ ဦးနှင့်အတူ သေဆုံးသူ ငါးဦးထပ်တိုး 


 

ကွာလာလမ်ပူ  မေ  ၃ 
မလေးရှားနိုင်ငံ၌ မေ ၂  ရက် ညသန်းခေါင်အထိ    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၃၅၂ ဦး ရှိကြောင်း     ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း  ၄၄၅၀၈၅၉   ဦး အထိ   ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာသည်။ 
ပြည်ပပြန် ကူးစက်ဖြစ်ပွားသူ လေးဦးရှိပြီး  ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၃၄၈ ဦးရှိကြောင်း ဝန်ကြီးဌာန၏   ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ဖော်ပြထားသည်။ 
ကိုဗစ်-၁၉  ကြောင့်  နောက် ထပ်   သေဆုံးသူ   ငါးဦးရှိလာ ကြောင်း ဖော်ပြမှုနှင့်အတူ စုစု ပေါင်း သေဆုံးသူ ၃၅၅၅၅ ဦးအထိ ရှိလာခဲ့သည်။ 
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၆၀၇၇ ဦးရှိကြောင်း   ဖော်ပြမှုနှင့်အတူ စုစုပေါင်း    ကိုဗစ်-၁၉     ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာပြီး   ဆေးရုံမှ   ဆင်းလာသူ ၄၃၇၈၈၆၄ ဦးရှိသည်။ 
ထို့အပြင်   အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေ သူ    ၆၆   ဦးနှင့်   အသက်ရှူ အထောက်အကူ    ကိရိယာဖြင့် အသက်ရှူနေသူ ၄၄ ဦးအပါအဝင် နိုင်ငံအတွင်း  ကိုဗစ်-၁၉  လတ် တလော      ကူးစက်ဖြစ်ပွားလျက် ရှိသူ ၃၆၄၄၀ ရှိသည်။ 
မေ ၂ ရက်က တစ်ရက်တည်း နိုင်ငံအတွင်း      ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသူ ၁၂၃၈၀ ရှိကြောင်း  ဖော်ပြခဲ့သည်။   နိုင်ငံ လူဦးရေ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်း အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ်    ထိုးနှံပြီးပြီဖြစ် ပြီး   ၈၁ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်   ထိုးပြီးပြီ ဖြစ်သည်။ ထို့အပြင် ၄၉ ဒသမ ၁ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု ခံယူပြီးပြီ ဖြစ်သည်။                     ဆင်ဟွာ