သီရိလင်္ကာအစိုးရသည် လတ်တလောစီးပွားရေးအကျပ်အတည်းကြောင့် ဝင်ငွေနည်းမိသားစုများကို အထူးငွေကြေးတစ်ရပ် ထောက်ပံ့သွားမည်

 

 

ကိုလံဘို  မေ  ၃ 
သီရိလင်္ကာအစိုးရသည်   လတ်တလော     စီးပွားရေး အကျပ်အတည်းကြောင့်  ဒုက္ခတွေ့နေသော ဝင်ငွေ နည်းမိသားစုများကို မေလမှစပြီး  သုံးလကြာ အထူး ငွေကြေးတစ်ရပ်    ထောက်ပံ့သွားမည်ဖြစ်ကြောင်း      လူမှုမီဒီယာ ဝန်ကြီး နာလာကာ ဂိုဒါဟီဝါက မေ  ၃  ရက်က ပြောကြားလိုက်သည်။ 
သတင်းစာရှင်းလင်းပွဲတွင်  ဝန်ကြီးက   ဝင်ငွေ နည်းမိသားစုများသည်  နိုင်ငံအတွင်း   ဖြစ်ပေါ်နေ သော  စီးပွားရေးအကျပ်အတည်းကြောင့်   ဆိုးရွားစွာ ထိခိုက်လျက်ရှိကြောင်း  ပြောသည်။ 
ထို့အပြင်  ၎င်းတို့ကို   ကယ်ဆယ်ရေးပစ္စည်းများ လည်း ချက်ချင်းထောက်ပံ့ပေးပို့လိုကြောင်းလည်း ဆက်လက်ပြောသည်။ 
လူမှုမီဒီယာဝန်ကြီး   နာလာကာ  ဂိုဒါဟီဝါက ဝန်ကြီးအဖွဲ့က မေ ၂ ရက်တွင် အထူးထောက်ပံ့မှုများ ကို မေလမှ  ဇူလိုင်လအထိ ထောက်ပံ့ရန်  အတည်ပြု ခဲ့သည်။                                    
               ဆင်ဟွာ