MRTV Media Worldwide Mobile Satellite  Data Application Service, MRTV App & Web  ဖွင့်လှစ်ခြင်းအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

 

နေပြည်တော်   မေ   ၃
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Online Media တစ်ခုဖြစ်သည့် MRTV Media Mobile Application (MRTV App & Web)  စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို   မေ   ၄  ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်  MICC-2 ၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ နေ့ မွန်းလွဲ ၁ နာရီ  ၅၅ မိနစ်မှ စတင်၍ MRTV HD ၊  MRTV News ၊  MRTV-NRC ၊  MITV ၊  မြန်မာ့အသံရေဒီယို၊  Myanma Radio (FM Channel-အင်္ဂလိပ်ပိုင်းအစီအစဉ် )နှင့်  MRTV App & Web တို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။                                                                သတင်းစဉ်