တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

တောင်ကြီး   မေ   ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး  အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ တောင်ကြီး- ဟိုပုံး ကားလမ်းမဘေးရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပသည်။
အစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊   ရှမ်းပြည်နယ်  ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေး မောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး    ဦးအောင်ကြည်ဝင်းတို့က   ရုံးအဆောက် အအုံသစ်ကို  ဖဲကြိုးဖြတ်   ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ဝင်များ က   ရုံးအဆောက်အအုံသစ်ဆိုင်းဘုတ်ကို   အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ    ပြည်ထောင်စုဝန်ကြီး    ဦးစောထွန်း အောင်မြင့်က ရှမ်းပြည်နယ်သည် ဧရိယာကြီးမား ကျယ်ပြန့်ပြီး ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်း အရ   တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်   လူဦးရေ ၅၈ သိန်းကျော်   ပျံ့နှံ့နေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေး မှုဓလေ့ထုံးစံ၊ သမိုင်းကြောင်းစသည့် အရင်းအမြစ် များနှင့် ကျောက်မျက်ရတနာ၊ သတ္တုစသည့် သဘာဝ အရင်းအမြစ်များ    ပေါကြွယ်ဝသည့်    ပြည်နယ် တစ်ခုလည်းဖြစ်ပါကြောင်း၊  တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ၊    ရိုးရာအစားအစာ ချက်ပြုတ်နည်းများ၊ ရိုးရာပွဲတော်၊ ရိုးရာအားကစား၊ တိုင်းရင်းသားဆေးပညာများ၊    ရိုးရာလက်မှုပညာ စသည့်    ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်များ မှာလည်း မိမိတို့တိုင်းရင်းသားများ ဘိုးဘွားအစဉ် အဆက်    လက်ဆင့်ကမ်း    ထိန်းသိမ်းလာခဲ့ကြ၍ ယနေ့အချိန်အထိ  ဆက်လက်ရှင်သန်နေခြင်းဖြစ် ပါကြောင်း၊ ထိုအမွေအနှစ်များကို သားစဉ်မြေးဆက် ဆက်လက်တည်တံ့နေစေရေး        ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ မိမိတို့အားလုံး၏ တာဝန်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ငြိမ်းချမ်းရေးသမိုင်းတွင် တစ်ခါမျှ   မရှိဖူးသည့်  လိုက်လျောကမ်းလှမ်းချက် နှစ်ခုဖြစ်သည့် တစ်ဖက်သတ်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်  ထာဝရငြိမ်းချမ်းရေးကို  ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ    ပြုလုပ်နိုင်ရေး   ဖိတ်ကြားထားကာ နိုင်ငံတော်က     ငြိမ်းချမ်းရေးအတွက်   အထူး အလေးပေးဆောင်ရွက်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး တက်ညီ လက်ညီဖြင့်     ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့်      ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ကို ကြိုးပမ်းထူထောင်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။ 
ဆက်လက်ပြီး        ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး  ဒုတိယဝန်ကြီး  ဦးဇော် အေးမောင်က  မုဒိတာဝမ်းမြောက်စကား ပြောကြား သည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်  ဒုတိယ ဝန်ကြီးတို့က     ဧည့်သည်တော်များကို    ရုံးဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်သည်။  ဆက်လက် ၍    ကောင်းထက်ထွန်းကုမ္ပဏီလီမိတက်က   ရုံး အဆောက်အအုံသစ်နှင့်   ပတ်သက်သည့်   စာရွက် စာတမ်းများကို    တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းအေးကိုထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက်    ရှမ်း၊   ပအိုဝ်း၊   ဓနု၊   တောင်ရိုးနှင့် အင်းသား တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ က    တိုင်းရင်းသားရိုးရာအကများဖြင့်   ဖျော်ဖြေ တင်ဆက်ပြီး    ပြည်ထောင်စုဝန်ကြီး၊   ပြည်နယ် ဝန်ကြီးချုပ်၊    ဒုတိယဝန်ကြီးနှင့်     ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ငွေများ ပေးအပ်သည်။   ထို့နောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ   အခမ်းအနားကို   ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်