ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အနုသုခုမဆိုင်ရာ စာတမ်း” ဖတ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား


 

နေပြည်တော်    မေ     ၃
သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန    အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ-၁/၂၀၂၂” ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် (၃၅) ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန     (၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊  သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊   အမျိုးသားလွှတ်တော်       ဥက္ကဋ္ဌ (ငြိမ်း)   ဦးခင်အောင်မြင့်၊   နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီ         အကြံပေးပုဂ္ဂိုလ်       ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ မြန်မာ နိုင်ငံ  လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ  ဒေါ်နန္ဒာ မွှန်း၊ သာသနာရေးနှင့် ယဉ်ကျေး မှု    ဝန်ကြီးဌာန     အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊  အထူးဖိတ်ကြားထား သူများ၊        သဘာပတိအဖြစ် တာဝန်ယူ   ဆောင်ရွက်ကြမည့် ပညာရှင်ကြီးများ၊ စာတမ်းရှင်များ နှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်း သုတေသီများ   တက်ရောက်ကြ သည်။
ဦးစွာ  ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုက      သာသနာရေးနှင့် ယဉ်ကျေးမှု          ဝန်ကြီးဌာန၏ ယဉ်ကျေးမှု      အခန်းကဏ္ဍတွင် သုတေသနကို    အခြေပြုသည့် “ရှေးဟောင်း     သုတေသနနှင့် အမျိုးသားပြတိုက်     ဦးစီးဌာန”၊ “သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန” ဟူ၍  ဦးစီးဌာန       နှစ်ခုရှိသည့်အပြင်  အနုသုခုမဆိုင်ရာ ပညာရပ်များကို သုတေသနပြု   လေ့ကျင့်ဖန်တီး ကာ တင်ဆက်ပြသမှုများ ဆောင် ရွက်လျက်ရှိသည့် အနုပညာဦးစီး ဌာနတို့ဖြစ်ကြောင်း။
သုတေသနဟူသော စကား ရပ်ကို အင်္ဂလိပ်စာဝေါဟာရတွင် Research ဟု သုံးနှုန်းပြီး အတည့် ကောက်ယူလျှင်      ထပ်ခါထပ်ခါ စဉ်ဆက်မပြတ် ရှာဖွေနေခြင်းပင် ဖြစ်ကြောင်း၊ မြန်မာစာအဘိဓာန် တွင်လည်း        “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရှိရန်   စူးစမ်း ရှာဖွေခြင်း”   ဟု   ဖွင့်ဆိုထားပါ ကြောင်း၊ ထို့ကြောင့် သုတေသန လုပ်ငန်းဆိုသည်မှာ အကြောင်း အရာများစွာကို  ခြေခြေမြစ်မြစ် သိရှိနိုင်စေရန်    စဉ်ဆက်မပြတ် စူးစမ်းရှာဖွေနေရမည့်    လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း။
အနုသုခုမဆိုင်ရာ    စာတမ်း ငါးစောင် ဖတ်ကြားရာတွင် အဆို၊ အက၊      တေးသီချင်းများနှင့် သက်ဆိုင်သည့် တင်ဆက်ကပြမှု ဆိုင်ရာ စာတမ်းများကိုသာမက  ထိုတင်ဆက်       ပြသမှုများကို အထောက်အကူပြု     ပံ့ပိုးသည့် အနုပညာရပ်များ၊ အတတ်ပညာ ရပ်များ၏ အခန်းကဏ္ဍများကိုပါ  စာတမ်းများအဖြစ်    ထည့်သွင်း ဖတ်ကြားသွားမည်  ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာတမ်းဖတ်ပွဲ ကို ကျင်းပရာ နံနက်ပိုင်းအစီအစဉ် အဖြစ် အမျိုးသားယဉ်ကျေးမှုအနု ပညာတက္ကသိုလ်   (ရန်ကုန်)   မှ ပါမောက္ခ (ငြိမ်း)  ဦးစုအောင်က  “ကဗျာရေးထုံးများမှ     တစ်ဆင့် ဖြစ်တည်လာသော     ဇာတ်စာ၊ ဇာတ်စကားများ”     စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဒုတိယ ညွှန်ကြားရေးမှူး  ဦးသက်ဆွေက “ဇာတ်ခုံ၊  ဇာတ်ရုံများနှင့်  အနု ပညာဗဟိုဌာနတို့အား   လေ့လာ တင်ပြခြင်း”    စာတမ်းကိုလည်း ကောင်း ဖတ်ကြားကြသည်။
မွန်းလွဲပိုင်း     စာတမ်းဖတ်ပွဲ တွင်    မြန်မာနိုင်ငံ     ပြက္ခဒိန် အကြံပေးအဖွဲ့ဝင် သဒ္ဓမ္မဇောတိက ဓဇ    ဦးရန်နိုင်သိန်းက   “မြန်မာ့  ပြက္ခဒိန်သမိုင်းစဉ်”   စာတမ်းကို လည်းကောင်း၊      သုတေသန လက်ထောက်-၂ ဦးတင်လတ်ယု က    “မြန်မာ့သဘင်     ဖျော်ဖြေ တင်ဆက်ရာတွင်     မင်းသား၊ မင်းသမီးများ   မှော်ဇာ    (သို့)ခြေအိတ် စတင်ဝတ်ဆင်လာခြင်း ဓလေ့အား လေ့လာချက်” စာတမ်း နှင့် ဦးစီးအရာရှိ ဦးစိန်ကုလား(ခ)  ဦးအောင်ဝမ်းတူး က “မြန်မာ့ရိုးရာ ဆိုင်းပညာရပ်”     စာတမ်းတို့ကို ဖတ်ကြားကြသည်။ စာတမ်းများ ဖတ်ကြားအပြီးတွင် စာတမ်း ဖတ် ပွဲသို့   တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်          ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး   ဦးကိုကိုက   နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။               သတင်းစဉ်