မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်  ဂျပန်နိုင်ငံက ပံ့ပိုးကူညီပေးသည့်ကိစ္စရပ်များ ဆွေးနွေး

 

 

နေပြည်တော်   မေ  ၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် Japan-Myanmar Association ၏ Chairman,  Mr. Watanabe Hideo ကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံက ပံ့ပိုးကူညီပေးသည့်ကိစ္စ၊ နှစ်နိုင်ငံ      စီးပွားရေးနှင့်     ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စနှင့် ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များကို  အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ငွေတိုက်ဦးစီး ဌာန   ညွှန်ကြားရေးမှူးချုပ်တို့  တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။                    သတင်းစဉ်