ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်ထုတ်ပေးလျက်ရှိ


 

နေပြည်‌တော်  မေ  ၂ 
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်‌ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် မေ ၂ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Dissecting Kits ၅၅၀၊ Haemostaric Force ၁၀၆၄၇ ခုနှင့် ဆေးဝါးမျိုးစုံ ၁၄ မျိုး စုစုပေါင်း ၁၂၃၈၄၄၉ ဒသမ ၉၄ Kg ၊ နယ်စပ်(ချင်းရွှေဟော်၊ လွယ်ဂျယ်)တွင် ကုမ္ပဏီငါးခုတို့မှ Compound Vitamin B Tablet ၁၀၀၄၀၊ Dexamethasone Sodium Phoapate Injection ၇၂၀၀၀၀ Kg ၊ Disposable Syring ၈၈၅၆ ခု၊ Scalp Vein Set ၄၆၈၀၊ Pal Dexa injection ၁၄၇၀၄၀၊ Pal Diclo Injection ၁၁၇၀၉၀၊ Pal B6 Injection ၄၀၀၀၊ Ceftraxone Sodium For Injection ၈၀၆၈၀၊ Paracetamol Tablet ၃၅၈၀၊ Vitamin C Tablet ၁၄၃၂၈၀ တို့ကို  ထုတ်ပေးခဲ့ကြောင်း သိရသည်။                                       သတင်းစဉ်