တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား  ချီးကျူးပူဇော်ပွဲ အခမ်းအနားကျင်းပမည်


 

နေပြည်တော်   မေ   ၂
သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန    သာသနာ‌ရေးဦးစီး ဌာနက       ကြီးမှူးကျင်းပသော  (၇၄) ကြိမ်မြောက်  တိပိဋကဓရ တိပိဋကကောဝိဒ    ‌ရွေးချယ်‌ရေး စာမေးပွဲတွင် အောင်မြင်တော်မူ ကြသည့်   သာသနာ့အာဇာနည် အရှင်မြတ်များအား     အောင် လက်မှတ်၊       ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့်  ချီးကျူး ပူဇော်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော်  ၈ ရက်  (မေ ၂၂  ရက်) တွင် ရန်ကုန်တိုင်း ဒေသကြီး၌ စည်ကားသိုက်မြိုက် စွာ     ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ         အခမ်းအနား သို့   ကြွရောက်တော်မူကြမည့် နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့        ဆရာတော်ကြီးများ၊ တိပိဋကဓရ   တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ   ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊   တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ် ရေးဆရာတော်များ   အပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလ အဘိဓမ္မကောဝိဒ  တစ်ပါး၊  ဒီဃနိ ကာယကောဝိဒ  တစ်ပါး၊  ဝိနယ ကောဝိဒ   ခုနစ်ပါး၊   ဥဘတော ဝိဘင်္ဂကောဝိဒ ၁၀ ပါး၊ စာအောင် သံဃာအပါး ၂၀  စုစုပေါင်း သံဃာ တော် ၅၃ ပါးတို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများဖြင့် ချီးကျူးပူဇော်မည် ဖြစ်ပါသဖြင့်      အလှူရှင်များ အနေဖြင့်   လှူဖွယ်ဝတ္ထုပစ္စည်း များကို    သာသနာရေးဦးစီးဌာန စာမေးပွဲဌာနခွဲ ၀၉-၈၈၀၅၆၀ ၇၉၀၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၁-၆၆ ၄၅၇၈တို့သို့ ဆက်သွယ်၍  ကြိုတင်   လှူဒါန်းနိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှသိရသည်။  သတင်းစဉ်