ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ကျင်းပ


 

နေပြည်တော်   မေ   ၂
သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲ ကို ယနေ့ (ဒုတိယနေ့)တွင်  နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ဌာန တို့တွင် စာဖြေသံဃာတော်နှင့် သီလရှင်များ စာရင်းသွင်း ၁၄၆၁၃ပါး အနက် ၁၁၃၅၉ ပါး  ဖြေဆိုကြသဖြင့်  ၇၇ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်