ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်  မြေပုံ Software နှင့် GIS  အသုံးပြုနည်းအခြေခံသင်တန်း အမှတ်စဉ် (၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

 

 

ရန်ကုန်     မေ   ၂  
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး      ဦးစီးဌာန ဝန်ထမ်းများအနေဖြင့်    နယ်စပ် ဒေသ      ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို       အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ခေတ်နှင့်အညီ တိုးတက်  ပြောင်းလဲလျက်ရှိသည့် နည်းပညာဆိုင်ရာပညာရပ်များကို သိရှိနားလည်       တတ်မြောက် အသုံးချနိုင်စေရန်        ရည်ရွယ် ဖွင့်လှစ်သည့် မြေပုံ Software နှင့် GIS    အသုံးပြုနည်း    အခြေခံ သင်တန်း  အမှတ်စဉ်  (၃)   ဖွင့်ပွဲ အခမ်းအနားကို   ယနေ့နံနက် ၁၀ နာရီတွင်    ဝန်ကြီးဌာန   စုပေါင်း အစည်းအဝေးခန်းမ၌     ကျင်းပ သည်။ 
အဆိုပါ     အခမ်းအနားသို့ နယ်စပ်ရေးရာ          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး   ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊    ဒုတိယ အမြဲတမ်းအတွင်းဝန်၊        ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊    လက် ထောက် အတွင်းဝန်/  ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း များ၊    သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး/ပြည်နယ်  ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများမှ    သင်တန်း သား သင်တန်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးက    အဖွင့်အမှာစကား ပြောကြားပြီး မြေပုံ Software နှင့် GIS    အခြေခံ      အသုံးပြုနည်း သင်တန်းတွင်  လေ့ကျင့်အသုံးပြု မည့် သင်ထောက်ကူ ပစ္စည်းများ ကို ကြည့်ရှုစစ်ဆေး၍ သင်တန်း နည်းပြများနှင့်    သင်တန်းသား များအား         လိုအပ်သည်များ မှာကြားဖြည့်ဆည်း  ဆောင်ရွက် ပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မြေပုံ Software နှင့် GIS အသုံးပြု နည်း အခြေခံသင်တန်း  အမှတ်စဉ် (၁) ကို   သင်တန်းသား ၂၀ ဖြင့် လည်းကောင်း၊       သင်တန်း အမှတ်စဉ် (၂) ကို  သင်တန်းသား သင်တန်းသူ         ၂၇    ဦးဖြင့် လည်းကောင်း ယခင်နှစ်များတွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး  ယခု သင်တန်းအမှတ်စဉ်   (၃)     တွင် သင်တန်းသား   သင်တန်းသူ ၂၀ တက်ရောက်ကြကာ မေ ၂ ရက်မှ ၂၇   ရက်အထိ      လေ့ကျင့် သင်ကြားပေးသွားမည်      ဖြစ် ကြောင်း သိရသည်။    သတင်းစဉ်