
အောင်လံ မေ ၁
အောင်လံမြို့၌ ဧပြီ ၃၀ ရက်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်လံမြို့နယ် သရက်တောရပ်ကွက်၊ မကျီးကုန်း ရပ်ကွက်၊ ဈေးကုန်းရပ်ကွက်၊ တရော်ကုန်းရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ စက်ရုံရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ ရွာပြင်းကျေးရွာ၊ ပိတောက်ကုန်း ကျေးရွာအုပ်စု ပန်းမတကျေးရွာ၊ တန်ဘိုးကျေးရွာတို့တွင် လူနေအိမ် ၄၂ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနေအိမ် လေးလုံး ပြိုကျပျက်စီး ခဲ့သည်။
အဆိုပါ လေဘေးသင့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းသွားရောက်ကာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ယာယီနေရာ များ ချထားပေးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဘေးစီမံဌာနသို့ ဆက်သွယ်ဆောင်ရွက်ထားကြောင်း နှင့် ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)