ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြစ်ကြီးနား၊ ဝိုင်းမော် စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     မေ     ၁ 


ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧပြီ ၃၀ ရက်က    ကချင်ပြည်နယ်   မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ   တောင်သူများ၊    စိုက်ပျိုး မွေးမြူရေးဆိုင်ရာ        ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး   ကိစ္စရပ်များနှင့်  စပ်လျဉ်းပြီး ဆွေးနွေးပြောကြားသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ်   ဝန်ကြီးချုပ်   ဦးခက်ထိန်နန်နှင့် အဖွဲ့သည်   မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်   တပ်ရင်း တပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံများ၊ မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးကြပြီး မွေးမြူရေးတိရစ္ဆာန်ဆေးဝါး များကို      ပြည်ထောင်စုဝန်ကြီးက    ပေးအပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက လက်ခံရယူသည်။

 


ထို့နောက် ဝိုင်းမော်မြို့နယ်  သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက   မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သီးနှံပင်အာဟာရပြည့်ဝရေးအတွက်    သစ်စိမ်း မြေဩဇာ၏ အကျိုးကျေးဇူးများကို ဒေသခံတောင်သူ များကို ရှင်းလင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်     စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က      သစ်စိမ်းမြေဩဇာ      ပိုက်ဆံလျှော်မျိုးစေ့များနှင့်    ဟင်းသီးဟင်းရွက် မျိုးစေ့များကို   ပေးအပ်ကြသည်။  

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊    ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ အဖြစ် ပိုက်ဆံလျှော်မျိုးစေ့များကို ကြဲပက်စိုက်ပျိုး ပေးခဲ့ကြသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊   ပြည်နယ် ဝန်ကြီးချုပ်နှင့်    အဖွဲ့သည်     မြစ်ကြီးနားမြို့နယ် တပ်ကုန်းရပ်ကွက်ရှိ  စံပြလယ်ဧက(၁၀၀) ရေကြီး နစ်မြုပ်မှုသက်သာစေရန်   ရေနုတ်မြောင်းတူးဖော် ခြင်း၊ မြောင်းပုံစံကျပြုပြင်ခြင်းနှင့် မြောင်းကူးတံတား နှစ်စင်း   တည်ဆောက်မှုလုပ်ငန်းခွင်ကို   ကြည့်ရှု စစ်ဆေးကြပြီး    ပြည်ထောင်စုဝန်ကြီးက     ယခု ဆောင်ရွက်လျက်ရှိသည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို မိုးရာသီ ရေကြီးရေလျှံမှု သက်သာစေမည့် ရေနုတ်မြောင်းအဖြစ်သာမက   ဆောင်းရာသီနှင့် နွေရာသီအတွက် ဧရာဝတီမြစ်ရေကိုသွင်းယူနိုင်သည့် ရေသွင်းမြောင်းအဖြစ်ပါ အသုံးချနိုင်ရေး တစ်ပါတည်း ဆောင်ရွက်ရန်နှင့် သီးထပ်စိုက်ပျိုးနိုင်ရေး သီးနှံစိုက် စွမ်းအားတိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက် များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်    အဖွဲ့သည်     မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအနီးရှိ နှစ်ရှည်ပင်များသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် ဆောင်ရွက်လျက်  ရှိသည့် ရော်ဘာသုတေသနလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကြပြီး ဒေသနေ ရော်ဘာတောင်သူများနှင့် တွေ့ဆုံကာ ကချင်ပြည်နယ်အတွင်း ရော်ဘာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 


ဆက်လက်၍ မြစ်ကြီးနား ပိုးစာခြံ၏ ပိုးမွေးမြူ ရေးလုပ်ငန်းနှင့် တောင်သူနည်းပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို        ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက    ရိုးရာအဝတ်အထည်များ တွင် အမြတ်တနိုးတန်ဖိုးထားသုံးစွဲသည့်   ပိုးချည် ထုတ်လုပ်နိုင်ရေးအတွက်     ပိုးမွေးတောင်သူများ တိုးပွားလာရေး၊ တစ်နှစ်ပတ်လုံး ပိုးစာပင်ဖြစ်ထွန်း သည့် ရာသီဥတုအခြေအနေရှိ၍ စီးပွားဖြစ်ထုတ်လုပ် သည့်   ဒေသထွက်ကုန်တစ်ခုအဖြစ်  တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။

 


တို့နောက်    ပြည်ထောင်စုဝန်ကြီး၊   ပြည်နယ် ဝန်ကြီးချုပ်နှင့်  အဖွဲ့သည်  ချမ်သစ်ခွစိုက်ပျိုးရေး နှင့် မွေးမြူရေးခြံ၏   ဖရစ်ရှန်နို့စားနွားမွေးမြူရေး လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ နို့စားနွား မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုး မြင့်ကုန်ချောများ ထုတ်လုပ်ရေး အားပေးပြောကြား ပြီး    မွေးမြူရေးသုံးဆေးဝါးများကို    ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။                          

 

 သတင်းစဉ်