တန်ဖိုးထားအပ်သော ကမ္ဘာ့အလုပ်သမားနေ့

Type

 

မျိုးမျိုးသွယ်

 

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)  သည်    အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေး  များစွာ  ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့်  တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက်  ကမ္ဘာ့ နိုင်ငံအသီးသီးတွင်  နှစ်စဉ် မေ ၁ ရက်ကို    ကမ္ဘာ့အလုပ်သမားနေ့ အဖြစ်     အခမ်းအနားများ    ကျင်းပလျက်ရှိသည့်နည်းတူ   မိမိတို့ မြန်မာနိုင်ငံတွင်လည်း    နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်  မရှိမဖြစ် အရေးပါသည့်  အဓိကစွမ်းအားစုကြီးဖြစ်သော  မြန်မာအလုပ်သမား ကြီးများအား  ဂုဏ်ပြုကြသည့်အနေဖြင့်   ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေ ၁ ရက်မှစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြသည်။ 

 


မေဒေးဟုခေါ်သော   မေ  ၁ ရက်သည်  မြောက်ကမ္ဘာခြမ်းတွင် နွေဦးပွဲတော်နေ့ဖြစ်ပြီး    အများပြည်သူ    အားလပ်ရက်ဖြစ်ခဲ့သည်။ မေဒေးနေ့ကို  ကျင်းပရာတွင် ကခုန်မှုများ၊  တေးသီချင်းသီဆိုမှုများနှင့် ကိတ်မုန့်များပါဝင်ခဲ့သည်။ ရှည်လျားအေးစက်ခဲ့သည့် ဆောင်းရာသီ ကိုနှုတ်ဆက်ကာ ပူနွေးသည့်ရာသီအစကို  ပျော်ရွှင်စွာကြိုဆိုခြင်းဖြစ် သည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ချီကာဂိုမြို့တွင်ဖြစ်ပွားခဲ့သည့် ဟေးမတ်ကတ်အရေးအခင်းကို  ဂုဏ်ပြုသောအားဖြင့် ဆိုရှယ် လစ်များနှင့် ကွန်မြူနစ်များက  မေ ၁ ရက်ကို   အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်   ရွေးချယ်ခဲ့ကြသည်။  အဆိုပါနိုင်ငံများတွင် ယင်းနေ့ကို  မေဒေးဟုပင်  ရည်ညွှန်းခေါ်ဆိုလေ့ရှိသည်။   သို့သော် ယခင်အစဉ်အလာအတိုင်းကျင်းပခဲ့သည့် မေဒေးနေ့နှင့်  အနှစ်သာရ ချင်း ကွဲပြားခြားနားလှသည်။

 


အားလပ်ရက်အဖြစ် သတ်မှတ်ရေးပထမဆုံးအဆိုတင်သွင်း


၁၉ ရာစုနှောင်းပိုင်းတွင် ကုန်သွယ်ရေးယူနီယံနှင့် အလုပ်သမား လှုပ်ရှားမှုများ ကြီးထွားလာသည့်အခါ အဆိုပါကုန်သွယ်ရေးယူနီယံအဖွဲ့ဝင်နိုင်ငံများက   အလုပ်သမားများအတွက်  နေ့တစ်နေ့အဖြစ် နေ့အမျိုးမျိုးကို ရွေးချယ်ခဲ့ကြသည်။  အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် စက်တင်ဘာအားလပ်ရက် တစ်ရက်ကို အလုပ်သမားနေ့ အဖြစ်ခေါ်ဆိုရန်အတွက်  ၁၈၈၀ ပြည့်လွန်နှစ်များအတွင်း ပထမဆုံး အဆိုပြုခဲ့သည်။   ၁၈၈၂ ခုနှစ်တွင်   စက်ပြင်ဆရာတစ်ဦးဖြစ်သော မက်သရူးမက်ဂွိုင်းယားက နယူးယောက်မြို့၏ ဗဟိုအလုပ်သမား ယူနီယံ (CLU)   ၏   အတွင်းရေးမှူးအဖြစ်   ထမ်းဆောင်စဉ်အတွင်း အလုပ်သမားနေ့  တစ်နေ့ကို   အားလပ်ရက်အဖြစ်   သတ်မှတ်ရေး အတွက် ပထမဆုံးအဆိုတင်သွင်းခဲ့သည်။ အချို့ကလည်း  ယင်းကဲ့သို့ ပထမဆုံးအဆိုတင်သွင်းသူမှာ အမေရိကန်အလုပ်သမား  ဖက်ဒရေး ရှင်းမှ ပီတာဂျေမက်ဂွိုင်းယား ဖြစ်ပြီး ၁၈၈၂ ခုနှစ် မေလတွင် ကနေဒါ နိုင်ငံ   တိုရွန်တိုမြို့တွင်ကျင်းပသည့်    နှစ်ပတ်လည်  အလုပ်သမား ပွဲတော်သို့ တက်ရောက်ပြီးနောက် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ သည်။ ၁၈၈၇ ခုနှစ်တွင်  အော်ရီဂွန်ပြည်နယ်သည် အလုပ်သမားနေ့ ကို    တရားဝင်အများပြည်သူရုံးပိတ်ရက်အဖြစ်    သတ်မှတ်သော အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးပြည်နယ်ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင်  အမေရိကန်ပြည်ထောင်စုတွင်  ပြည်နယ်ပေါင်း ၃၀ က အလုပ်သမားနေ့ကို      တရားဝင်ကျင်းပလာသည်။      သို့သော် မြောက်အမေရိကတိုက်၌ ၁၈၈၇ ခုနှစ်အထိ အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားသောရက်မှာ စက်တင်ဘာလအတွင်း ဖြစ်သည်။

 


မေ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ် ခြင်းမှာ ၁၈၈၆ ခုနှစ်  မေ ၄ ရက်တွင် ဖြစ်ပွားခဲ့သော ချီကာဂိုမြို့မှ ဟေးမတ်ကတ်အရေးအခင်းကို ဂုဏ်ပြုရန်ဖြစ် သည်။ အမှန်တကယ်၌ မေဒေးခေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည်  အလုပ်သမား များအနေဖြင့် မိမိတို့၏ အခွင့်အရေးကို  သိရှိကာ မိမိတို့အခွင့်အရေး အတွက်  မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။  ထို့အတူ အလုပ်သမားတို့၏အခွင့်အရေးကို  ကာကွယ် ပေးရန်အတွက်   အလုပ်သမားသမဂ္ဂများလည်း    ကမ္ဘာအနှံ့အပြား၌ ပေါ်ထွန်းလာခဲ့ရသည်။    ၁၈၈၉ ခုနှစ်    ပြင်သစ်နိုင်ငံ   ပါရီမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ  ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံ တွင်  မေ  ၁  ရက်ကို    ကမ္ဘာ့အလုပ်သမားနေ့ဟု    သတ်မှတ်ပေး ခဲ့ကြပြီး ၁၈၉၀ ပြည့်နှစ်   မေ ၁ ရက်မှစတင်ပြီး    ကမ္ဘာတစ်ဝန်းမှာ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများ ပထမဆုံးကျင်းပခဲ့ကြသည်။

 


မြန်မာနိုင်ငံတွင် ၁၉၁၆-၁၉၁၇ ခုနှစ်တွင် ရေနံချောင်း ဘီအိုစီ ရေနံတွင်းသပိတ်၊  ၁၉၁၈-၁၉၁၉ ခုနှစ်တွင်   ဘီအိုစီကုမ္ပဏီ စာရေး ၂ဝဝ ခန့်က  ရှောင်တခင်ခွင့်နှင့်   လုပ်သက်ခွင့်ရရေးအတွက်  သပိတ် မှောက်ခဲ့ကြသည်။   ၁၉၂၁-၁၉၂၃ ခုနှစ်အထိနှင့် ၁၉၂၄-၁၉၂၅ ခုနှစ်အထိ၊ ထို့နောက် ၁၉၂၆ ခုနှစ်အထိကို အကြိမ်ကြိမ်  ဆက်တိုက်သပိတ်မှောက် ခဲ့ကြပြီး    ၁၉၃၉ ခုနှစ်၊     ၁၃ဝဝ  ပြည့်    အရေးတော်ပုံသပိတ်သည် အလုပ်သမားတို့အတွက်   အအောင်မြင်ဆုံး  သပိတ်ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင်  မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ပြီး အပြည်ပြည် ဆိုင်ရာ  အလုပ်သမားအဖွဲ့ချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

 

၁၉၅၀ ပြည့်နှစ်တွင်  မြန်မာနိုင်ငံ၌ ဖဆပလ အစိုးရ နှစ်ခြမ်းကွဲသွား သောကြောင့်  အလုပ်သမားအစည်းအရုံး   နှစ်ခြမ်းကွဲသွားခဲ့သည်။  ၁၉၆၂ ခုနှစ်   မတ်  ၂  ရက်တွင်  တော်လှန်ရေးကောင်စီတက်လာပြီး အလုပ်သမားရေးရာများကို  အထူးကိုင်တွယ်ဖြေရှင်းခဲ့သည်။   ၁၉၆၃ ခုနှစ်တွင်    ပြည်သူ့အလုပ်သမားကောင်စီကို     ဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံတွင်  အလုပ်သမားဥပဒေ    ပြုပြင်ပြောင်းလဲရန်အတွက် အလုပ်သမားများ   အပြင်းအထန်   ဆောင်ရွက်ခဲ့ကြပုံ၊  အလုပ်သမား အခွင့်အရေးရရန်၊ လုပ်အားနှင့်ညီမျှသည့်  လုပ်ခရရန်နှင့် ဝန်နှင့်အား မျှတသည့်အလုပ်များ  လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြပုံကို နှောင်းခေတ်လူငယ်များသိရှိပြီး တန်ဖိုးထားတတ်ဖို့လိုသည်။

 


အသက်ပေါင်းများစွာဖြင့် ရင်း၍ရခဲ့သော နေ့တစ်နေ့


ယခုအချိန်တွင်   ကမ္ဘာ့အလုပ်သမားနေ့ကို  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာတွင် အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ထားကြသည်။  မြန်မာနိုင်ငံတွင်  ၁၉၃၈ ခုနှစ်မှ စတင်ပြီး အလုပ်သမား နေ့ (မေဒေး)ကို  ကျင်းပနိုင်ခဲ့သည်။   ၁၉၄၈ ခုနှစ်     မြန်မာနိုင်ငံကို လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ်   အသိအမှတ် ပြုလာသည့်အခါတွင် မေဒေးနေ့ကို   ရုံးပိတ်ရက်အဖြစ်    ပြဋ္ဌာန်းခဲ့သည်။   မြန်မာနိုင်ငံသည် ၁၉၄၈   ခုနှစ်တွင်     လွတ်လပ်ရေးရခဲ့ပြီး   ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်၊ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာကာ  မြန်မာနိုင်ငံသည် ၁၉၃၈ ခုနှစ်မှ စတင်ပြီး   နှစ်စဉ်  မေ ၁ ရက်တွင်    အလုပ်သမားနေ့ကို ကျင်းပခဲ့ကြသည်။ အလုပ်သမားနေ့ဖြစ်ပေါ်လာခဲ့သည့်  ကမ္ဘာ့သမိုင်း ကြောင်းကို    ပြန်ကြည့်လျှင်   အခက်အခဲပေါင်းများစွာနှင့်   တိုက်ပွဲ အဆင့်ဆင့်ကို  ဖြတ်ကျော်လာခဲ့ရသည်ကို  တွေ့ကြရမည်ဖြစ်သည်။ အလုပ်သမားများစွာ၏   အသက်ပေါင်းများစွာဖြင့်    ရင်း၍ရခဲ့သော နေ့တစ်နေ့ဖြစ်သည်ကို    တွေ့ကြရမည်ဖြစ်ပြီး    ကမ္ဘာ့အလုပ်သမား လူတန်းစားများအတွက်    အရေးပါသော၊    တန်ဖိုးမဖြတ်နိုင်သော နေ့တစ်နေ့ဖြစ်ခဲ့သည်။ 

 


အလုပ်သမားဟူသည်    မိမိအသက်မွေးမှုအတွက်   ကာယအား၊ ဉာဏအားကိုအသုံးပြု၍   အလုပ်လုပ်သူဟူ၍   မြန်မာအဘိဓာန်က ဆိုထားသည်။  အလုပ်လုပ်ရာတွင်လည်း   မိမိအသက်မွေးမှုအတွက် မိမိအလုပ်ကို      ကိုယ်တိုင်လုပ်ခြင်းနှင့်     သူတစ်ပါး၏အလုပ်ကို လုပ်အားခယူ၍ လုပ်ခြင်းဟူ၍  အလုပ်နှစ်မျိုး ရှိသည်။ မည်သို့ပင်ဖြစ်စေ ကာယ၊ ဉာဏ အလုပ်သမားများသည်  မိမိတို့ဘဝရပ်တည် ရှင်သန်ရေး အတွက်   ကာယအား၊   ဉာဏအားများကိုရင်းကာ    ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့်    လုပ်ငန်းရှင်တို့အား    လုပ်အားကို   ပေးဆပ်နေကြ သူများဖြစ်သည်ဟု ဆိုနိုင်သည်။ ဤကမ္ဘာပေါ်ရှိ   လူသားအလုပ်သမား များကို   အမျိုးအစားခွဲခြားကြည့်လျှင်    ကာယအလုပ်သမားနှင့် ဉာဏအလုပ်သမားဟူ၍ နှစ်မျိုးနှစ်စားခွဲခြား တွေ့နိုင်မည်ဖြစ်သည်။

 


‘‘ဘဝကို အလုပ်ဖြင့် တည်ဆောက်ရမည်’’ ၊  ‘‘အလုပ်မရှိက ဘဝ မရှိနိုင်’’ ဟူသော စာသားများကို အလုပ်ရုံ၊ စက်ရုံများ၊   ခရီးသည်တင် ယာဉ်များ၏ အတွင်းဘက်နံရံများတွင် တွေ့ရတတ်သည်။   လူ့လောက ကြီးသည်   အလုပ်များစွာကိုအခြေခံပြီး  သက်ဝင်လှုပ်ရှားနေခြင်းဖြစ် သည်။ လူတစ်ယောက်အတွက်  အနည်းဆုံး အလုပ်အကိုင်တစ်ခုတော့ ရှိရမည်ဖြစ်သည်။ အလုပ်ရှိမှသာ ထိုသူ၏ဘဝတိုးတက်မှုကို ဖြစ်စေ နိုင်မည်ဖြစ်ပြီး  ထိုသူ၏  ဘဝရပ်တည်ရေးအတွက်    အဆင်ပြေမည်ဖြစ် သည်။   ထို့ကြောင့်   လူသားနှင့်  အလုပ်အကိုင်၊   အလုပ်အကိုင်နှင့် လူသားသည် ယှဉ်တွဲ၍နေရမည်သာဖြစ်သည်။

 


ရှေးနှစ်များစွာက အလုပ်သမားဟူသော ပစ္စည်းမဲ့ လူတန်းစား များကို   ဖိနှိပ်ချုပ်ချယ်ခဲ့သည့်   အရင်းရှင်စနစ်ကို    တော်လှန်ခဲ့ပြီး အလုပ်သမားများ၏  ဘဝသစ်တည်ဆောက်ရန်  သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ခဲ့သည့်အတွက်  ယနေ့အချိန်တွင်   တန်းတူညီမျှအခွင့်အရေး ရခဲ့ကြသည်မှာ   ရာစုနှစ်တိုင်   ကျော်လွန်ခဲ့ပြီဖြစ်သည်။   ကမ္ဘာ့နိုင်ငံ အသီးသီးတွင်    အခြေခံလူတန်းစားဟူ၍ရှိသည်။    နိုင်ငံတစ်နိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက်  အရေးပါသောလူတန်းစားကို ဆိုလို ခြင်းဖြစ်သည်။  

 

       စက်မှုထွန်းကားသောနိုင်ငံက    အလုပ်သမား လူတန်းစားကို   အခြေခံရသည်။   စိုက်ပျိုးရေးအားပြုသော နိုင်ငံက လယ်သမားလူတန်းစားကို  အခြေခံရသည်။ မည်သို့ပင်ဆိုစေ လူတို့၏ စားဝတ်နေရေးတည်းဟူသော အခြေခံကျသည့် စီးပွားရေးဖန်တီးရာ၌ ယင်းလူတန်းစားနှစ်ရပ်လုံးသည်    အရေးပါပေသည်။   ထို့ကြောင့် အလုပ်သမားနှင့်လယ်သမား    ဤလူတန်းစားနှစ်ရပ်သည်    အပြန် အလှန် အကျိုးပြုနေကြသည်။

 


ယခုအခါ   နိုင်ငံတော်၏   အခြေခံလူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားနှင့်   အလုပ်သမားတို့၏လုပ်အားကို တန်ဖိုးထား ဖော်ထုတ်လျက်ရှိသည်။   အလုပ်သမားများကိုလည်း  ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊    လုပ်ငန်းခွင်စည်းကမ်းထိန်းသိမ်းရေး၊   အလုပ်လုပ် သလောက် အကျိုးခံစားခွင့်ရရှိရေးအတွက်   အားပေးလျက်ရှိသည်။ အလုပ်သမားတို့အတွက်   ရပိုင်ခွင့်နှင့်တာဝန်သည်  ယနေ့ခေတ်တွင် ကွဲကွဲပြားပြား ထင်ရှားပေါ်လွင်လာပြီဖြစ်သည်။

 


အလုပ်သမားများ၏ အခန်းကဏ္ဍကို အလေးပေးဆောင်ရွက်


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကျရောက်မှုနှင့်အတူ   မြန်မာနိုင်ငံ သည်လည်း    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    ထိခိုက်ဆုံးရှုံးခဲ့ရသည့် ကဏ္ဍပေါင်းစုံတွင် လူမှုစီးပွားဘဝ ထိခိုက်နစ်နာခြင်းများ  ရင်ဆိုင်ကြုံ တွေ့ခဲ့သည်။   ထိုသို့သော   အခက်အခဲ၊   အကျပ်အတည်း၊   စိန်ခေါ်မှု ပေါင်းစုံကြားမှ နိုင်ငံတော်အစိုးရ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) က    နိုင်ငံသားအလုပ်သမားများ    အကျိုးစီးပွားနှင့်    သင့်တင့် လျောက်ပတ်သော  အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေခဲ့ရာတွင် နိုင်ငံတော်အစိုးရသည် အလုပ်သမား များ၏ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးပေးဆောင်ရွက်ခဲ့သည့် အားလျော်စွာ   ယခုကဲ့သို့   ကိုဗစ်-၁၉  ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံပိတ်ထားရ သည့် လုပ်ငန်းရှင်များ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရေးနှင့် အလုပ် လက်မဲ့ဖြစ်ခဲ့ရသည့်   အလုပ်သမားများ   အလုပ်ပြန်လည်ရရှိရေးတို့ အတွက် ချေးငွေများထုတ်ချေးပေးခြင်းတို့ကို   ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

 


လူမှုဖူလုံရေးအဖွဲ့သည်လည်း ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလကုန်အထိ အကျုံးဝင်အလုပ်ဌာန   ၃၆,၆၇၀  နှင့်    အာမခံအလုပ်သမား ၁,၂၄၈,၃၅၄ ဦး  မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလကုန်အထိ အကျိုးခံစားခွင့်အမှုတွဲပေါင်း ၁,၄၁၀,၁၉၄ အတွက် ခွင့်ပြုငွေကျပ်သန်းပေါင်း ၆၉၁၀၉ ဒသမ ၅၈ အားထုတ်ပေးခဲ့သည်။

 


ထို့အပြင်  ကိုဗစ်-၁၉ကာလ၌ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  ဖြစ်စေရေး ကျွမ်းကျင်မှု ပူးပေါင်းရေးအဖွဲ့များက စစ်ဆေးစဉ် ကာလအတွင်း  ယာယီပိတ်ထား သည့် စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့မှု  အကျိုးခံစားခွင့် ၄၀ ရာခိုင် နှုန်းကို အာမခံ အလုပ်သမား ၁,၅၈၃,၅၃၃ ဦးအတွက် ငွေကျပ် သန်းပေါင်း ၆၇,၉၁၂ ဒသမ ၄၆၇ ထုတ်ပေးနိုင်ခဲ့သည်။

 


ထို့အပြင်    မီးလောင်ဆုံးရှုံးခဲ့သည့်   စက်ရုံ၊   အလုပ်ရုံများမှ အလုပ်သမားများအတွက် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံ ရေး  ထောက်ပံ့ငွေဖြင့်လည်းကောင်း၊ ယင်းစက်ရုံ၊ အလုပ်ရုံများမှ အလုပ်လက်မဲ့ ဖြစ်သွားသော  အလုပ်သမားများကို  ၎င်းတို့နှင့်ကိုက်ညီ သည့်အလုပ်အကိုင်များ   ပြန်လည်ရရှိစေရေး   အလုပ်သမားဝန်ကြီး ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

 


အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကျင်းပပေး


လုပ်သားအင်အား    အခြေပြုဆောင်ရွက်ရသည့်   အထည်ချုပ် လုပ်ငန်းများအပါအဝင်   စက်ရုံ၊  အလုပ်ရုံများ   ပြန်လည်ဖွင့်လှစ်နိုင် ရေးနှင့်   လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက်   မြန်မာနိုင်ငံ ကုန်သည်များနှင့်     စက်မှုလက်မှုလုပ်ငန်းရှင်များ    အသင်းချုပ်၊ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းတို့ဖြင့်  တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာ လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်  နိုင်ငံတစ်ဝန်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အဆိုပါရုံးများ  ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောဒေသများတွင် Mobile Team (ရွေ့လျားအဖွဲ့) ဖြင့်  ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့်  ပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်ရှာဖွေသည့် အလုပ်သမားနှင့် အလုပ်ရှင်တို့အား တစ်နေရာ တည်း၊ တစ်ချိန်တည်းမှာပင်  အချိန်ကုန်၊ ငွေကုန်သက်သာရန် One Stop Service ဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ  (Job Fair) များ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ကိုဗစ်-၁၉ ကာလအတွင်း    နိုင်ငံတကာခရီးစဉ်များ    ယာယီ ရပ်ဆိုင်းထားသောကြောင့်   နိုင်ငံရပ်ခြားတွင်   ကာလရှည်ကြာစွာ ပိတ်မိပြီး  အခက်အခဲနှင့်   ဒုက္ခမျိုးစုံကြုံတွေ့နေကြရသည့်    မြန်မာ အလုပ်သမားများနှင့် မြန်မာနိုင်ငံသားများကို မိမိတို့နိုင်ငံသို့ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေး  စီမံဆောင်ရွက်နိုင်ခဲ့သည်။  ထိုသို့ဆောင်ရွက် ခဲ့ရာ   ၂၀၂၁ ခုနှစ်   ဧပြီလအထိ   မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့်    အထောက်အထားမဲ့ဖြစ်၍     ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁,၀၈၆ ဦးနှင့် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ၇၀ တို့ကို တပ်မတော်စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။

 


အလားတူ    ပြည်ပနိုင်ငံအသီးသီးတွင်    အခက်အခဲကြုံတွေ့ပြီး ပြန်မလာနိုင်ဖြစ်နေကြသည့်  မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည်ခေါ်ယူလျက်ရှိပြီး နယ်စပ် ဂိတ်များမှတစ်ဆင့်   ဝင်ရောက်လာသူများလည်းရှိသည်။   ထိုသို့ ပြန်လည်ရောက်ရှိလာသော    မိမိတို့နိုင်ငံသားများအား   ကိုဗစ်-၁၉ ရောဂါ   စစ်ဆေးကာကွယ်ရေးနှင့်   နေရပ်အသီးသီးသို့   အဆင်ပြေ ချောမွေ့စွာပြန်နိုင်ရေး   ကူညီဆောင်ရွက်ပေးခဲ့ပြီး   မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရရှိရေးနှင့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 


နိုင်ငံတော်အနေဖြင့်  အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁)ကို ရေးဆွဲကာ အဓမ္မခိုင်းစေမှုဆိုင်ရာ  အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားထူထောင်၍   တိုင်ကြားချက်များကို   ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို   ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ များမှတစ်ဆင့် စေလွှတ်လျက်ရှိရာ ၁၉၉၀ ပြည့်နှစ်မှစပြီး စေလွှတ် နိုင်ခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေနှင့်အညီ မြန်မာအလုပ်သမား များ  ရပိုင်ခွင့်များရရှိနိုင်ရေးအတွက်လည်း   ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်   မလေးရှားနိုင်ငံတို့တွင်   အလုပ်သမားသံအရာရှိများ ခန့်အပ်ထားရှိသည့်အပြင်   နိုင်ငံတကာရှိ   မြန်မာသံရုံးများကလည်း လိုအပ်သည့်  ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

 


အလုပ်ရှင်၊ အလုပ်သမားများအား မျှတသောလုပ်ငန်းခွင် ဆက်ဆံ ရေးစနစ် ကောင်းမွန်စွာကျင့်သုံးတတ်စေရန်၊ ခေါင်းဆောင်မှု၊ ကြီးကြပ် မှု၊    အလုပ်သမားရေးရာဥပဒေနှင့်မူဝါဒများ   သိရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အလုပ်ရှင် များနှင့် အလုပ်ရှင်အဖွဲ့အစည်း၊  အလုပ်သမားများနှင့် အလုပ်သမား အဖွဲ့အစည်းများအား အလုပ်သမားရေးရာအသိပညာပေး  ဆွေးနွေးပွဲ များပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။

 


မြန်မာနိုင်ငံသည်  အသင်းအဖွဲ့များ  လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးဆောင်ရွက်ခွင့်ဆိုင်ရာ    ILO ပြဋ္ဌာန်းချက်   အမှတ်-၈၇ ကို လက်ခံကျင့်သုံးထားသည်နှင့်အညီ  ၂၀၁၁ ခုနှစ်   အလုပ်သမားအဖွဲ့ အစည်း ဥပဒေအရ  အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း ၃,၀၀၀ ကျော်အဖွဲ့ကို  ဖွဲ့စည်းထားရှိပြီး အလုပ်သမားရေးရာကိစ္စများကို အစိုးရ၊  အလုပ်ရှင်နှင့် အလုပ်သမားများ  သုံးပွင့်ဆိုင်ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွှဲပြောင်း တာဝန်ယူပြီးနောက်ပိုင်း    ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်   နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်( ၅ ) ရပ်တွင်ပါဝင်သည့် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားနိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၊ အလုပ်သမားစွမ်းအားစုကြီး၊ အသိပညာရှင် အတတ်ပညာရှင် ပြည်သူများအားလုံးတို့၏ ပူးပေါင်းပါဝင်မှု၊ အားထုတ်ကြိုးပမ်းမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင် စီးပွားရေးဆိုင်ရာဦးတည်ချက်များဖြစ်သည့် ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်နိုင်ရေး၊ နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့်  အလုပ်အကိုင်အခွင့်အလမ်းများ            ဖော်ဆောင်ရေးတို့တွင်   အလုပ်သမားစွမ်းအားစုကြီး၏ အကောင် အထည်ဖော်နိုင်မှုအပေါ်   များစွာမူတည်နေကြောင်း   တွေ့ရှိရမည် ဖြစ်သည်။
နိုင်ငံတော်အနေဖြင့်   အလုပ်သမားများနှင့်   အလုပ်ရှင်များ၏ အကျိုးစီးပွားကို   မထိခိုက်စေဘဲ    နှစ်ဦးနှစ်ဖက်      မျှတသည့် အခွင့်အရေးနှင့်   ကာကွယ်စောင့်ရှောက်မှုများရရှိစေရန်    ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ဆောင်ရွက်ရာတွင်   အာဆီယံ ဒေသတွင်း   အကောင်အထည်ဖော်ဆောင်ရွက်နေသည့်   အာဆီယံ စီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံပါ ကျွမ်းကျင်အလုပ်သမားများ လွတ်လပ်စွာ   ရွှေ့ပြောင်းသွားလာမှုအစီအစဉ်အရ   အလုပ်သမား ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်၍  နိုင်ငံတွင်းသာမက အာဆီယံဒေသတွင်းရှိ  အလုပ်သမားများနှင့်ပါ  ယှဉ်ပြိုင်ရမည့်အပြင် နိုင်ငံခြားမှရင်းနှီးမြှုပ်နှံမှုများ     နိုင်ငံအတွင်း   ဝင်ရောက်လာပါက သက်ဆိုင်ရာကဏ္ဍအလိုက်    ကျွမ်းကျင်မှုများ   တိုးတက်နေစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 


အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် 
လက်တွဲကြိုးပမ်းဆောင်ရွက်


ယခုအချိန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန် ခွန်စိုက်ကြိုးစားရမည့်အချိန်ဖြစ်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတော် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်     လက်တွဲကြိုးပမ်း   အကောင်အထည်ဖော်  ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေး အမြန်ဆုံး ပြန်လည်ခိုင်မာအားကောင်း လာနိုင်မည်ဖြစ်ရာ အကျိုးဆက်အနေဖြင့်  ကုန်ထုတ်လုပ်မှုတိုးတက် မြင့်မားလာပြီး   ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်ပါ တစ်ပြိုင်တည်းတိုးတက်လာကာ  တည်ငြိမ်အေးချမ်းသည့် ဝန်းကျင် တစ်ခုဖြစ်ထွန်းလာစေရေး   အလုပ်ရှင်နှင့်အလုပ်သမား အပြန်အလှန် နားလည်မှုရှိရှိဖြင့်     လက်တွဲကြိုးပမ်း   ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

 


အလုပ်သမားနေ့သည်    လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသောနေ့၊ တရားမျှတမှုအတွက်    တော်လှန်ရုန်းကန်မှုများ  ပေါ်ပေါက်အောင် တပ်လှန့်ခဲ့သောနေ့ဖြစ်သည်။ ထို့ကြောင့်  မေဒေး  သို့မဟုတ် အလုပ် သမားနေ့ကို အလုပ်လုပ်သောပြည်သူတိုင်းက   ထာဝစဉ်တန်ဖိုးထား ကြရမည်ဖြစ်ပြီး နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက အရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများသည် နိုင်ငံတော် အစိုးရက တစိုက်မတ်မတ်  ဦးတည်ချက်ထား  အကောင် အထည်ဖော်ဆောင်ရွက်နေမှုများကို  ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် ပြည်သူများ၏  လူမှုစီးပွားဘဝများ  တိုးတက်မြင့်မားလာမည် ဖြစ်သည်။ 

 


ထို့အပြင်  အလုပ်ရှင်များကလည်း အလုပ်သမားများ၏ လုပ်အား များကြောင့်  မိမိတို့ဘဝတိုးတက်ကြီးပွားလာရသည်ကို  သတိပြုကာ အလုပ်သမားတို့အပေါ်တွင်    စာနာစိတ်များဖြင့်   ထိုက်တန်သော လုပ်အားခများကို   ပေးကမ်းခြင်းနှင့်   မိသားစုစိတ်ဓာတ်မွေးကာ အလုပ်သမားတို့၏   ကျန်းမာရေး၊   စားဝတ်နေရေးနှင့်ပတ်သက်၍ ဖြည့်ဆည်းချီးမြှောက်ခြင်းများကို ပြုသင့်ကြပြီး နှစ်စဉ် မေလ (၁) ရက် နေ့တွင် ကျရောက်သော   ကမ္ဘာ့အလုပ်သမားနေ့ကိုလည်း  အလေး ဂရုပြုကာ  ပါဝင်ဆင်နွှဲလျက် အလုပ်သမားတို့၏ ဂုဏ်ရည်နှင့် ကြိုးစား အားထုတ်မှုများကို အမှတ်တရဂုဏ်ပြုသင့်ပါကြောင်း တိုက်တွန်း အပ်သည်။          ။