
နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (၁၄)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော် ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ ကျင်းပ ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြ သည်။
လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနား သည် နိုင်ငံတော်အဆင့် အခမ်း အနား ဖြစ်သည်နှင့်အညီ ခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်သွားကြ ရန် မှာကြားသည်။
ထို့နောက် (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆပ်ကော်မတီ ခုနစ်ခုတို့မှ ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြရာ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်