
နေပြည်တော် ဧပြီ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်း ခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရှိ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ ဥဿာပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရွှေတောင်ကျောင်းတိုက်သို့ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ရှိ ခေမာသိဒ္ဓိ မင်းကျောင်းပရိယတ္တိ စာသင် တိုက်သို့လည်းကောင်း၊ ရှမ်းပြည် နယ် ဟိုပုံးမြို့နယ်ရှိ နောင်တောင်း ပရဟိတ ကျောင်းတိုက်သို့ လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ရှိ သာသနာ့ရောင် ခြည်ကျောင်းတိုက်သို့ လည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များ ကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်