အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယအဆင့်သို့ တက်ရောက်

 

ရန်ကုန်   ဧပြီ    ၂၈


ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက် ရှိသည့် ၂၀၂၂  အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ  အမျိုးသမီး တစ်ဦးချင်း ပထမအဆင့်    ပွဲစဉ် တွင်    မြန်မာကြက်တောင်မယ် သက်ထားသူဇာမှ    နာမည်ကြီး ဂျပန် ကြက်တောင်မယ် Nozomi Okuhara       အိုခူဟာရအား အနိုင်ရရှိခဲ့ပြီး   ဒုတိယအဆင့်သို့  တက်ရောက်သွားခဲ့ကြောင်း သိရ သည်။ 

 


အဆိုပါပွဲစဉ်တွင် သက်ထား သူဇာအနေဖြင့် ပထမပွဲငယ်တွင် ၂၁-၁၈ ဖြင့် အနိုင်ယူခဲ့ပြီး ဒုတိယ ပွဲငယ်တွင် Nozomi Okuhara အနေဖြင့် ပြိုင်ပွဲမှ နုတ်ထွက်သွား ခဲ့ပြီးနောက်  သက်ထားသူဇာမှ နောက်တစ်ဆင့်သို့   တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


သို့ဖြစ်ရာ မြန်မာကြက်တောင် မယ်  သက်ထားသူဇာ အနေဖြင့် ဒုတိယအဆင့်ပွဲစဉ်အဖြစ်    ဧပြီ ၂၈  ရက်တွင်    တရုတ်တိုင်ပေ ကြက်တောင်အားကစားမယ် Hsu Wen-chi နှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း   သိရ သည်။ ထို့ပြင်  ဧပြီ ၂၆ ရက်က ကြက်တောင်ကစားသမား ဘုန်း ပြည့်နိုင်က မော်လ်ဒိုက်  ကစား သမား  Shaheed  ကို  ယှဉ်ပြိုင် ကစားခဲ့ရာ ၂၁-၁၃ ၊ ၂၁-၈ နှစ်ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး   ဒုတိယ ပတ်လည်ပွဲစဉ်တွင် တရုတ်ကစား သမား Weng Hong Yang  ကို ယှဉ်ပြိုင်ကစားခဲ့ရာ   ၂၁-၁၀ ၊ ၂၁-၇ ဖြင့်   နှစ်ပွဲပြတ်   ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။


အာကာလင်း