
ညောင်ရွှေ ဧပြီ ၂၈
အခြေခံပညာကျောင်းသား ကျောင်းသူလေးများ အနုပညာကို စိတ်ပါ ဝင်စားမှုရှိလာစေရန်၊ ပန်းချီပညာကို လေ့လာသင်ယူတတ်မြောက်စေ ရန်၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှု၊ တွေးခေါ်မျှော်မြင်မှု ရင့်သန် တိုးတက် လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီ အခြေခံပန်းချီပညာသင်တန်းကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိ ရသည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဧပြီ ၂၇ ရက်မှ မေ ၁၁ ရက်အထိ ပန်းချီအနုပညာရှင် ဆရာကြီးများမှ ပန်းချီပညာ အခြေခံများကို အနီးကပ် သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် သင်တန်းသို့ အခြေခံပညာကျောင်းသား ကျောင်းသူ ၃၀ တက်ရောက် လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ