
နေပြည်တော် ဧပြီ ၂၈
နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်ကို မသန်စွမ်းသူ အားလုံး တန်းတူညီမျှအပြည့်အဝ ရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်းတူ လူမှု အဖွဲ့အစည်းနှင့် ပေါင်းစည်းပါဝင် နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်မည့် မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော် ကောင်စီအနေဖြင့် ဝန်ကြီးဌာန များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို ပြည်သူများအပေါ် တိုက်ရိုက်ထိတွေ့ ဆောင်ရွက် နိုင်ရန်အတွက် အကောင် အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ယခု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ဆောင် ရွက်မည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် “မသန်စွမ်းသူများ ၏ အခွင့်အရေးဥပဒေ” အား ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ “မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ” ကို ၂၀၁၇ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင် ခြင်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကနဦး မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းမှ အတွေ့အကြုံ များရယူကာ လုပ်ငန်းစဉ်များအား နေပြည်တော်၊ မြို့နယ် ရှစ်မြို့နယ်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ မသန် စွမ်းသူများအတွက် ထိရောက် သည့် အစီအမံများ ချမှတ်ပြီး မသန်စွမ်းသူ တစ်ဦးချင်းစီအလိုက် ဘဝရပ်တည်ရေးမှ လူ့အသိုက် အဝန်းကို အကျိုးပြုနိုင်မည့် လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်မိုးက မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်း နှင့် မသန်စွမ်း သူများ မှတ်ပုံတင် ခြင်း လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက် လာကြသည့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများက မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်း လုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း ဆွေးနွေးကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင် ရွက်ခြင်းဖြင့် မသန်စွမ်းသူများ လူမှုဝန်ဆောင်မှုတို့ကို လက်လှမ်း မီ ရရှိရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ အသေအချာ ရရှိရေး နှင့် လူ့အဖွဲ့အစည်းအတွင်းပါဝင် ဆောင်ရွက်ခွင့်ရရှိရေး စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်