နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ   ၂၈


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်      မြန်မာနိုင်ငံ သို့        အလုပ်သဘောခရီးစဉ်  ရောက်ရှိနေသည့်         Republic  of  the    Tatarstan        သမ္မတ     Mr.   Rustam    Nurgaliyevich Minnikhanov   ကို     ယနေ့ နံနက်ပိုင်းတွင်       နေပြည်တော်ရှိ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး    သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    နှင့်အတူ   ကောင်စီ   တွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး         ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြား စီးပွားဆက်သွယ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးအောင် နိုင်ဦး၊           အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး     ဝန်ကြီး ဌာန              ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊          နိုင်ငံခြားရေး ဝန်ကြီးဌာန         ဒုတိယဝန်ကြီး  ဦးကျော်မျိုးထွဋ်နှင့်    တာဝန်ရှိသူ များ                  တက်ရောက်ကြပြီး  Republic of the Tatarstan    သမ္မတနှင့်အတူ   မြန်မာနိုင်ငံဆိုင်ရာ  ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov၊ တာတာစတန်ပြည်နယ်     ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. KARIMOV Albert Anvarovich နှင့်အဖွဲ့ဝင်များ  တက်ရောက်ကြသည်။  

 


အကြီးဆုံးရုပ်ပွားတော်တစ်ဆူဖြစ်လာမည်


တွေ့ဆုံပွဲတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   နှုတ်ခွန်းဆက်စကား  ပြောကြားရာ၌      ၂၀၂၁    ခုနှစ်      ဇွန်လအတွင်း   လာရောက်ခဲ့သည့်   မိမိ၏   တာတာစတန်ပြည်နယ်  ခရီးစဉ်အတွင်း    အဆင်ပြေချောမွေ့စေရေး  စီမံဆောင်ရွက်ပေးခဲ့မှုများအတွက်    ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားပြီး  Republic of the Tatarstan သမ္မတက ယခုခရီးစဉ်အတွင်း မာရဝိဇယ  ဗုဒ္ဓဥယျာဉ် တော်သို့   သွားရောက်လေ့လာ ခဲ့ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်        ကမ္ဘာပေါ်ရှိ    ကျောက်ဆစ်ရုပ်ပွားတော်များတွင်      အကြီးဆုံး ရုပ်ပွားတော်တစ်ဆူဖြစ်လာမည်ဟု သိရှိရကြောင်း၊ ကျောက်ဆစ်လုပ်ငန်းများ    ဆောင်ရွက်ရာတွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍  ဆောင်ရွက် လျက်ရှိသည်ကို   တွေ့ရှိရကြောင်း၊   အလားတူ ဗုဒ္ဓဥယျာဉ်အတွင်းတွင်  ပိဋကတ်သုံးပုံကျောက်စာချပ် များကို စိုက်ထူဆောင်ရွက်နေသည်ကိုလည်း    တွေ့ရှိ ရကြောင်း၊    ယခုမာရဝိဇယ ဗုဒ္ဓဥယျာဉ်တည်ဆောက် ရေးတွင်   အဆွေတော် ဝန်ကြီးချုပ်ကိုယ်တိုင်     စီမံ ဆောင်ရွက်နေသည်ကို       သိရှိရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊    မိမိ၏ ယခုခရီးစဉ်  အဆင်ပြေချောမွေ့စေရေး      စီမံ ဆောင်ရွက်ပေးမှုများအတွက်လည်း    အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

 


ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်


ထို့နောက်  ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု            ပိုမိုတိုးမြှင့်ရေးဆိုင်ရာများ၊ သံမဏိနှင့်  စက်မှုဓာတုလုပ်ငန်း၊   ဆေးဘက်ဆိုင်ရာ ပစ္စည်းများ  ထုတ်လုပ်မှုနှင့်  ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊    စစ်ဘက်၊     အရပ်ဘက် ပညာတော်သင်များ   စေလွှတ်ရေး၊     ရုရှား - မြန်မာ နှစ်နိုင်ငံ   ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်    ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်    လည်ပတ်ရေးဆိုင်ရာ    ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 


ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ


တွေ့ဆုံဆွေးနွေးမှုအပြီးတွင်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က Republic of the Tatarstan သမ္မတနှင့်   အဖွဲ့ဝင် များကို   ဂုဏ်ပြုနေ့လယ်စာဖြင့်   တည်ခင်းဧည့်ခံ သည်။

 


နေ့လယ်စာစားပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်          တာဝန်ရှိသူများ တက်ရောက်ကြပြီး   ဧည့်သည်တော်  Republic of the Tatarstan   သမ္မတနှင့်အတူ   ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်


နေ့လယ်စာ  သုံးဆောင်နေစဉ်အတွင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာဦးစီးဌာနမှ အနုပညာရှင်များက    ‌တေးသံသာများဖြင့်    သီဆို တီးမှုတ်ကပြ ဖျော်ဖြေကြသည်။    နေ့လယ်စာစားပွဲ အပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည်   အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။           ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတ တို့သည်     သီဆိုတီးမှုတ်ကပြ    ဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား   ချီးမြှင့်ငွေများ   ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။     

         
 သတင်းစဉ်