သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်   ဧပြီ   ၂၇


သုတဝေဖြာသီရိဂေဟာ     မိသားစုပြိုင်ပွဲ     အသိပညာပေးအစီအစဉ်  (Family Quiz) ပွဲစဉ်(၆၃)ကို ဧပြီ ၂၉ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။

 


အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင်နှင့် ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည် ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဧပြီ ၂၉၊ ၃၀နှင့် မေ ၁ ရက် နေ့များတွင်    မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏  MRTV -HD  မှ  ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။  

သတင်းစဉ်