အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်နှင့်ဂျုံများအား ဆက်လက်ဖြန့်ဝေ

 

ရန်ကုန်    ဧပြီ     ၂၇


အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ရှိ  ပြည်သူများသို့    လူသားချင်း စာနာ   ထောက်ထားမှုအဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံများကို ပြည်သူများ၏       လက်ဝယ် အရောက်    ထောက်ပံ့ပေးအပ် နေမှုများအား ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ယနေ့  နံနက်ပိုင်းက  သွားရောက် ကြည့်ရှုအားပေးကြသည်။

 


ရွှေပြည်သာမြို့နယ် ရွှေဘုန်း ရှိန်လမ်း     သာသနာ့ဗိမာန်၌ အမှတ် (၅)ရပ်ကွက်ရှိ အိမ်ထောင်စု ၉၀၀ အတွက်  ၂၄  ပြည်ပါ ဆန် အိတ် ၉၀၀၊  ၅၀ ကီလိုပါ ဂျုံအိတ် ၂၃ အိတ်တို့ကို  လည်းကောင်း၊ အမှတ်(၆) ရပ်ကွက်ရှိ အိမ်ထောင်စု ၉၀၀ အတွက် ၂၄ ပြည်ပါ ဆန် အိတ် ၉၀၀၊ ၅၀ ကီလိုပါ ဂျုံအိတ် ၂၃  အိတ်ကို    လည်းကောင်း  ပြည်သူများ၏    လက်ဝယ် အရောက်  ထောက်ပံ့ပေးအပ် လျက်ရှိရာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   ဝန်ကြီးများက   သွားရောက် ကြည့်ရှုအားပေးပြီး ပြည်သူများအား ကူညီဆောင်ရွက် ပေးနေသည့် စေတနာ့ဝန်ထမ်း များကို   တွေ့ဆုံကာ ကျေးဇူးတင် စကား ပြောကြားသည်။

 


ရန်ကုန်   တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် စားနပ် ရိက္ခာခက်ခဲသော   ပြည်သူများ အတွက် ၂၄ ပြည်ပါ  ဆန်အိတ် ၂၂၅၁၄ အိတ်၊ ၅၀ ကီလိုပါ ဂျုံအိတ် ၅၅၇ အိတ်ကို ဆက်လက်ဖြန့်ဝေ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 


မြို့နယ်(ပြန်/ဆက်)