
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော်တာဝန်ယူ သည့် ကာလ၌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာဂီတ နှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသား ကျွမ်းကျင် ပညာရှင်များဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၌ သင်ကြားပို့ချ နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သည် ကရင်၊ မွန်၊ ရခိုင် တိုင်းရင်း သား သုံးမျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်း ကောင်း၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး)သည် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား လေးမျိုး တို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ ခန့်ထားရန်အတွက် ဝန်ထမ်း ဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်။
ယခုအခါ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စား လှယ်အဖွဲ့သည် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တို့၏ အကူ အညီဖြင့် တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် သွားရောက်တွေ့ဆုံ၍ တိုင်းရင်း သားတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များ သင်ကြားပို့ချ နိုင်ရေး သင်ရိုးညွှန်းတမ်း ပြုစု ရေးဆွဲရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး)သည်လည်း သင်ရိုး ညွှန်းတမ်း ပြုစုရေးဆွဲရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်