
နေပြည်တော် ဧပြီ ၂၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ မြို့နယ်အတွင်း တရားမဝင် ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါး အပိုင်းအစများ ၃ ဒသမ ၃၄၅၀ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၃၅၀၀) နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၃၅၀၀) ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့အတူ ဧပြီ ၂၄ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မောင်တော မြို့နယ် နယ်မြေ(၉) အင်းဒင် စစ်ဆေးရေးဂိတ်တွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ အငူမော် ဘက်မှ မောင်တောဘက်သို့ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော အကယ်ဒမီ ၁၀၀ ရာခိုင်နှုန်း စာတန်းပါ အလျားနှစ်လက်မ၊ အနံတစ်လက်မ ခန့်၊ တစ်တုံးလျှင် ၁၀ ကျပ်သား ခန့်ရှိ ရွှေရောင်အတုံး ၃၅ တုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူ ဧပြီ ၂၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တော ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တောင်ကုတ် မြို့နယ် ဆားပြင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၉၈၅၄ တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၈၉၇၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧပြီ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကုန်တင် ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ သည့် ဘီယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၂၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၂၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူ မန္တလေးတိုင်း ဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ သည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၈၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၀၉၂၄၇၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်