
ဝါရှင်တန် ဧပြီ ၂၇
အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်က ဧပြီ ၂၆ ရက်က ကြေညာလိုက်သည်။
ဒုတိယသမ္မတသည် အမေ ရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အနီးကပ် ဆက်သွယ်ခြင်းမရှိ ကြောင်း ဟားရစ်၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားလိုက်သည်။
ဟားရစ်သည် ဝါရှင်တန်မှ တစ်ပတ်ကြာ တနင်္လာနေ့အထိ အဝေး၌ ရှိနေခဲ့သည်။
ဒုတိယသမ္မတ၌ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ မတွေ့ရ ကြောင်း ဖော်ပြထားပြီး လတ်တလောတွင် နေအိမ်မှ အလုပ်လုပ်မည်ဖြစ်သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်သည် ယခုနှစ် ဇန်နဝါရီလက ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့အတူ ဟားရစ်၏ ခင်ပွန်းသည် ဒေါက်အမ်ဟော့ခ် သည်လည်း မတ်လက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခဲ့သည်။
အင်န်အိတ်ချ်ကေ