
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၁၀-၁၁-၂၀၂၁) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ “နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့ သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ (၃) လအတွင်း ပို့ကုန်တင်ပို့ သူများက ပို့ကုန်ရငွေများလက်ခံရရှိခြင်း ရှိ/မရှိကို စိစစ်ရမည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားပြီး အဆိုပါ ဥပဒေနှင့် စည်းမျဉ်းအရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃) လ အတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်း ရန် ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။
သို့သော် ပို့ကုန်တင်ပို့သူများအနေဖြင့် အထက်အပိုဒ်ပါ ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းပြင်ဆင် ချက်တို့အား လိုက်နာရန် ပျက်ကွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း ပို့ကုန်ရငွေများအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃) လအတွင်း နိုင်ငံတော်အတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂၇-၄-၂၀၂၂)