မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်ရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကျင်းပ

 

နေပြည်တော်    ဧပြီ      ၂၇


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ   မာရဝိဇယ   ဗုဒ္ဓဥယျာဉ်တော်ဝတ္ထု ကံတော်အတွင်း တည်ဆောက်မည့်  သာသနာ့ဗိမာန်   အဂ္ဂါဓိပတိ    ဝိသုံဂါမသိမ်တော်   သီမာသမ္မုတိသိမ် သမုတ်ကံဆောင်ခြင်းနှင့်   အောင်ပွဲမင်္ဂလာကုသိုလ် တော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

 


အခမ်းအနားသို့  နေပြည်တော်  လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်   ပဓာနနာယက   အဘိဓဇ မဟာရဋ္ဌဂုရု   ဘဒ္ဒန္တ  ဇနိန္ဒ၊   တပ်ကုန်းမြို့  မဟာ သီဟနာဒ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် သံဃာတော်  ၅၄ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊   ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊   ဦးစိုင်းလုံးဆိုင်၊   ဒေါက်တာဗညား အောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်      ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ  ဦးသာဋ္ဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ     ဦးသိန်းစိုး၊      ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 


ဦးစွာ သံဃာတော်များက ဝိသုံဂါမသီမာသမ္မုတိ သိမ်သမုတ် ကံဆောင်ခြင်းအား ဝိနယ ဥပဒေသများ နှင့် လျော်ညီစွာ ဆရာထေရ်စဉ်ဆက်တို့၏ ဩဝါဒများ နှင့်အညီ ဆောင်ရွက်တော်မူကြသည်။

 


သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆို


ယင်းနောက် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါ မသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြပြီး    သံဃာတော်အရှင်သူမြတ်တို့က    မေတ္တာပို့ ဂါထာတော်များ ရွတ်ဆိုပူဇော်၍ မေတ္တာပြုချီးမြှင့် တော်မူကြသည်။    ထို့နောက်     ဘုရားဒါယကာ၊ ဒါယိကာမများက       ရတနတ္တယပူဇာဂါထာနှင့် မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆို ပွားများပူဇော်ကြသည်။

 


သဘောဆန္ဒတူညီတော်မူ


ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ဆောက်ရေး ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိ ဆရာတော်ကြီးက   ဝိသုံဂါမသိမ်တော်ကံဆောင် ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားရာတွင် ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်အမည်ကို အဂ္ဂါဓိပတိ ဘွဲ့အမည်  သမုတ်နိုင်ရန်  လျှောက်ထားပြီး ဩဝါဒ ခံယူတော်မူရာ  ဆရာတော်များက သာဓုသုံးကြိမ် ခေါ်ဆို၍ သဘောဆန္ဒတူညီတော်မူကြသည်။

 


မေတ္တာပို့အမျှပေးဝေ


ထို့နောက် အခမ်းအနားမှူးက သာသနာ့ဗိမာန် ဝိသုံဂါမသိမ်တော် မင်္ဂလာအောင်ဩဘာ စာတမ်းကို ဖတ်ကြားကာ မေတ္တာပို့အမျှပေးဝေပြီး ဗုဒ္ဓသာသနံ  စိရံတိဌတု   သုံးကြိမ်ရွတ်ဆိုဆုတောင်း၍   အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီ ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီးများနှင့် အလှူရှင်များက  သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်း များ လောင်းလှူကြသည်။

 


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ ဗိမာန်   အဂ္ဂါဓိပတိ  ဝိသုံဂါမသိမ်တော် ပုံစံငယ်ကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ   မှာကြားဖြည့်ဆည်း   ဆောင်ရွက် ပေးသည်။

 


 ဩဝါဒများနှင့်အညီ ဆောင်ရွက်


သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် ကြီး  မြေနေရာအား ဧပြီ ၂၃ ရက် ညနေပိုင်းတွင် ပါဠိဆရာတော်ကြီး   အမှူးပြုသည့်   သံဃာတော် ၁၂ ပါးက အနန္တရာယိက အန္တရာယ်ကင်းအခမ်းအနား  ကိုလည်းကောင်း၊  ဧပြီ  ၂၄ ရက်မှ ၂၆ ရက်အထိ သံဃာတော် ၁၁၇ ပါးက သီမာသမူဟနန သိမ်နုတ် ကံဆောင်ခြင်း   အခမ်းအနားကို   လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ပေါက်မြိုင်ကျောင်းတိုက် ဆရာ တော်နှင့် မဟာသီဟနာဒကျောင်းတိုက် ဆရာတော် တို့ အမှူးပြုသည့် သံဃာတော် ၅၄ ပါးက သီမာ သမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အခမ်းအနားကို လည်းကောင်း ဝိနယဥပဒေသများနှင့်  လျော်ညီစွာ  ဆရာထေရ်   စဉ်ဆက်တို့၏   ဩဝါဒများနှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြသည်။

 


အကြီးဆုံးသိမ်တော်ကြီး တစ်ခုဖြစ်


ယခုတည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါ ဓိပတိဝိသုံဂါမ သိမ်တော်ကြီးအား ဆရာတော်ကြီး များ၏   ဩဝါဒခံယူ၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်ဖြင့်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  သိမ်တော်ကြီး သည်  အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိပြီး သံဃာစင် တွင် သံဃာတော်အပါး ၁၈၀၊ ဘေးခုံတန်းနှစ်ဖက်နှင့် အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁၈၉၀ ဝင်ဆံ့နိုင်မည် ဖြစ်ကာ ယခုသိမ်တော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသိမ်တော်ကြီး   တစ်ခုဖြစ်လာမည်ဖြစ် ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်