နေပြည်တော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင်  ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 

 

နေပြည်တော် ဧပြီ   ၂၆
ပြည်ထောင်စုနယ်မြေ    နေပြည် တော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊       ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင်   ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများအား        ဂုဏ်ပြု မှတ်တမ်းလွှာ           ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်   နေပြည် တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က     ကိုဗစ်-၁၉ ရောဂါ    ကာကွယ်၊   ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ဌာန ဆိုင်ရာများနှင့်အတူ ပူးပေါင်း၍ တက်တက်ကြွကြွ   ဆောင်ရွက် ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်း များ၏ အခန်းကဏ္ဍသည် အဓိက ကျပါကြောင်း၊   မိမိတို့   အသက် အန္တရာယ်ကို        ပဓာနမထားဘဲ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြ သည့်အတွက် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ပါး သွားပြီဖြစ်ပါကြောင်း၊ Quaran-tine  Center   များ၊  Positive Center    များတွင်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်၊   ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ   အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည့် အတွက်    ကိုဗစ်-၁၉   ရောဂါ၏ အမျိုးမျိုးသော မျိုးကွဲသစ်များကို တားဆီးနိုင်ပြီ      ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည်မှ စတင်၍   ယနေ့ရောဂါဖြစ်ပွားမှု နှုန်း       ကျဆင်းလာသည်အထိ ပူးပေါင်း     တာဝန်ထမ်းဆောင်ခဲ့ ကြသည့်   လူမှုကူညီရေးအသင်း အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ အား ကျေးဇူးတင်ရှိပါကြောင်းနှင့်  မှတ်တမ်းတင်     ဂုဏ်ပြုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊       နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီ ဆောင်ရွက်ခဲ့သော နေပြည်တော် အတွင်းရှိ စေတနာ့ဝန်ထမ်းများ အား   ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး  (အပေါ်ဝဲပုံ)  တက် ရောက်လာကြသည့်     ပရဟိတ လူမှုကူညီရေး     အသင်းများမှ   စေတနာ့ဝန်ထမ်းများအား ရင်းရင်း နှီးနှီး နှုတ်ဆက်စကားပြောကြား ကြောင်း သိရသည်။   သတင်းစဉ်