
ဟနွိုင်း ဧပြီ ၂၆
ဗီယက်နမ်နိုင်ငံတွင် ဧပြီ ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၄၃၁ ဦးရှိလာခဲ့ပြီး ဧပြီ ၂၅ ရက်ထက် ၁၀၁၄ ဦး မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ သည်။
အသစ်ထပ်မံ ကူးစက်ဖြစ်ပွားသူအားလုံးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်ကြသည်။
ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအဖြစ် ဆက်လက်တည်ရှိနေပြီး ဧပြီ ၂၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၃၇ ဦး ရှိခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ယခုအခါတွင် ၁၀၆၂၀၂၀၃ ဦးအထိရှိလာ ခဲ့ပြီး သေဆုံးသူပေါင်းမှာလည်း ၄၃၀၂၉ ဦး ရှိလာ ခဲ့သည်။
ဆင်ဟွာ