
နေပြည်တော် ဧပြီ ၂၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာစာသင်တိုက်တို့သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မြို့မဝေဠုဝန် စာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဗောဓိ ပက္ခိယဒီပနီ ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုး မြို့နယ်ရှိ ဇမ္ဗူအေးစေတီ တပ်ဦးကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိ သူများက ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်