မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်

 

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သဘောထားထုတ်ပြန်ကြေညာချက် (၂/ ၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ တနင်္လာနေ့


၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။    ထိုသို့ပြောကြားရာတွင် မိမိတို့နိုင်ငံသည်  လွတ်လပ်ရေးရရှိသည့်ကာလ ၇၅ နှစ်  ကြာမြင့်ပြီဖြစ် သော်လည်း လွတ်လပ်ရေး၏အရသာကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေးကြောင်း၊ ဤသည်မှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။    အဆိုပါပြောကြားချက်သည်   တိုင်းရင်းသားပြည်သူအားလုံး   မျှော်လင့်တောင့်တလျက်ရှိသော   ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၏အရသာကို ခံစားနိုင်ရေးတို့အတွက် ရှေးရှုဖော်ဆောင်ခြင်းဖြစ်ပါ သဖြင့် ကြိုဆိုထောက်ခံပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ