နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကို ထောက်ခံ

 

 

နေပြည်တော်    ဧပြီ    ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ၂ဝ၂၂ ခုနှစ်၊   ဧပြီ ၂၂ ရက်တွင်  ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို   တိုင်းရင်းသားများ   အပြည့်အဝမခံစားရသေးသောကြောင့်   ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင်    ငြိမ်းချမ်းရေးရရှိစေရန်နှင့်    လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန်ရည်ရွယ်ပြီး    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်    တွေ့ဆုံဆွေးနွေးမှုများ    ဆောင်ရွက်သွားမည်ဖြစ်သဖြင့်   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက် ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်း နှိုးဆော်ချက်ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အသင်း(ဗဟို)၊  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊     ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) နှင့်     မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့မှ ထောက်ခံကြောင်းဖြင့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်