
ရန်ကုန် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ဧပြီ ၂၂ ရက်က ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်း၌ ဖွင့်လှစ်ထားသော စာကြည့် တိုက်ပေါင်း ၄၈၁ တိုက်ရှိရာ စာကြည့်တိုက် ၁၂၀ အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ် ၅၅ သန်း တန်ဖိုးရှိ စာအုပ်စာစောင်များကို ထောက်ပံ့ လှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ယနေ့အချိန်တွင် ပြည်သူ့စာကြည့်တိုက်များသည် စာငှား စာဖတ် ရုံသာ မဟုတ်တော့ဘဲ ပြည်သူများ၏ လူမှုဘဝများ တိုးတက်စေရေးအတွက် လိုအပ်သည့် သတင်း အချက်အလက်များ ရယူအသုံးပြုနိုင်သောနေရာ၊ ၂၁ ရာစုဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်းဆုံး သော လုပ်ဖော်ကိုင်ဖက်များရှာဖွေသောနေရာအဖြစ် ပြောင်းလဲလာစေရန် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများက အလေးအနက်ထား ဆောင်ရွက်ပေးကြရန်ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီး များက ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် ၁၂၀ သို့ သုတ/ရသ စာအုပ်စာစောင်များနှင့် အလှူရှင် ဦးမိုးမြင့်က ကျပ် ၁၁၄၀၀၀၀ တန်ဖိုးရှိ “မြန်မာ့စွမ်းအင် သူရဲကောင်း” စာအုပ် ၁၂ဝ ကို လှူဒါန်းခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ ဆက်)