လူမျိုးဘာသာမရွေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

 

နေပြည်တော်    ဧပြီ   ၂၄
တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌   သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက် ၄၀ အထက်  ဒေသခံပြည်သူများ၊ အကျဉ်းသား   အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါ    အခံရှိသူများ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များစသည့်     ဦးတည်အုပ်စုများ     သတ်မှတ်၍ တပ်မတော်မှ    ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊   သူနာပြုများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို   ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့   ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)     မိုင်းဆတ်မြို့နယ်နှင့် မိုင်းခတ်မြို့နယ်တို့၌     ဒေသခံပြည်သူ   ၁၂၂  ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆မြို့နယ် ၌ ဒေသခံပြည်သူ ၂၇၅၈၃ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ    မြို့နယ် ၁၄ မြို့နယ်၌ ဒေသခံပြည်သူ ၂၄၁၆၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ပန်ဆောင်ကျေးရွာ၌ ဒေသခံပြည်သူ ၉၆ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခု မှ ဒေသခံပြည်သူ ၁၅၁၂၁ ဦးနှင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နှင့်   ပဲခူးမြို့နယ်တို့၌   ဒေသခံပြည်သူ ၉၁၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်