
မုံရွာ ဧပြီ ၂၄
စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်း အပတ်စဉ် (၂၀/၂၁) သင်တန်း သား သင်တန်းသူများ ကြိုဆိုပွဲအခမ်းအနားကို ဧပြီ ၂၃ ရက်က စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်က ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က B.Ed ပထမနှစ် သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ် ၅၈၈၃၀၀၀၀ (အပေါ်ပုံ)နှင့် B.Ed ဒုတိယနှစ် သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ် ၅၂၅၆၀၀၀၀ တို့ကို ခေတ္တပါမောက္ခချုပ်နှင့် သင်တန်းသား သင်တန်းသူ များထံ ပေးအပ်သည်။
အဆိုပါ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ B.Ed ပညာရေးဘွဲ့စာပေးစာယူသင်တန်း B.Ed ပထမနှစ်တွင် သင်တန်းသား သင်တန်းသူ ၁၉၆၁ဦး၊ B.Ed ဒုတိယနှစ်တွင် သင်တန်းသား သင်တန်းသူ ၁၇၅၂ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေး ဒီဂရီ ကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပသော ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းသား သင်တန်းသူများ ကြိုဆိုပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူ များအတွက် ငွေကျပ် ၈၅၂၀၀၀၀ ကို ကျောင်းအုပ် ကြီးနှင့် သင်တန်းသား သင်တန်းသူများထံ ပေးအပ် ကာ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။
အဆိုပါ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)တွင် ပညာရေးဘွဲ့မရရှိသူ ဆရာ ဆရာမများ၊ အခြေခံပညာဦးစီးဌာနမှ အထက်တန်း ပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်နှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၂၈၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)