
ရန်ကုန် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် တိုင်းဒေသကြီး အတွင်းရှိ ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီက ပန်းဆိုးတန်း လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိ ဦးမောင် မောင်တာ၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခရိုင်မှ ဥပဒေ အရာရှိများ၊ မြို့နယ်ဥပဒေအရာရှိ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် မျှော်မှန်းချက်ဖြစ်သော တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ အကြောင်းအရာများ၊ တာဝန်ဖြစ်သော နိုင်ငံတော်အစိုးရ ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာမူဝါဒများ ပိုမိုအားကောင်းလာစေ ရန် အလေးထားဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လုပ်ပိုင်ခွင့် ဖြစ်သော မျှတသော တရားစီရင် ရေးရရှိစေရန် ဆောင်ရွက်ရမည့် အပြင် တရားမျှတမှုမဏ္ဍိုင် ပြောင်းလဲမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည့် အကြောင်း အရာများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာ က လုပ်ငန်းခွင်အတွင်း အားနည်း ချက် အားသာချက်များကို ရှင်းလင်းပြောကြားပြီး အစည်း အဝေး တက်ရောက်လာကြသောတိုင်းဒေသကြီးအတွင်းရှိ ဥပဒေ အရာရှိများက မိမိတို့၏လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။ ထို့နောက် တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်က ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)