အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသော ဆန်နှင့်ဂျုံများကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ

 

ရန်ကုန်   ဧပြီ    ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ     ပြည်သူ များအား အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု        အထောက်အပံ့ အဖြစ်လှူဒါန်းသော       ဆန်နှင့် ဂျုံများကို ယနေ့နံနက်  ၈ နာရီ က အမှတ်(၇)ရပ်ကွက်ရှိ ခြင်းရုံ၌ ထောက်ပံ့   ပေးလျက်ရှိ‌ကြောင်း သိရသည်။
အဆိုပါ     ဆန်နှင့်ဂျုံများ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့         ဥက္ကဋ္ဌ ဦးမျိုးသူနှင့်        အဖွဲ့ဝင်များက ရပ်ကွက်‌၊ ကျေးရွာများ  အလိုက် ပြည်သူများ လက်ဝယ်အရောက်ရောက်ရှိနိုင်ရေး      ဖြန့်ဝေပေးနေ သော    ရပ်ကွက်၊ ကျေးရွာများ အလိုက် စနစ်တကျဖြန့်ဝေမှုရှိ‌‌စေ ရန်    ကွင်းဆင်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။  
ဒဂုံမြို့သစ်       (အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စုရှိ ပြည်သူများအတွက် အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံ သို့ လူသားချင်း  စာနာထောက်ထား မှု အထောက်အပံ့အဖြစ်  လှူဒါန်း သော ဆန်၂၄ ပြည်အိတ် ၇၈၈၆ အိတ်နှင့် ဂျုံအိတ် ၅၀ kg ပါ ၁၉၅ အိတ်တို့ရရှိခဲ့ရာ       မြို့နယ်တွင် အိမ်ထောင်စု ၄၃၆၂၆  စုအနက် ဖြန့်ဝေပေးမည့်      အိမ်ထောင်စု ၇၈၈၆ စုအား တစ်အိမ်ထောင်စု လျှင် ဆန်၂၄ ပြည် အိတ်တစ်အိတ် နှုန်း ဂျုံတစ်ကီလိုဂရမ်တို့ ဖြန့်ဝေ ပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး များ၊   ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှ         ကြီးကြပ်၍  ရပ်ကွက်၊    ကျေးရွာများအလိုက် ပြည်သူများ၏ လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်လျက်ကြောင်း       သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)