
နေပြည်တော် ဧပြီ ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းက မအူပင် - တွံတေးလမ်း မိုင်တိုင် (၂၃/၅-၂၃/၆) ရှိ မဒိုင်းချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ မှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီး သည် မအူပင် - တွံတေးလမ်း မိုင်တိုင်အမှတ် (၁၈ / ၆ -၂၀ / ၆) အတွင်း ပေ ၄၀ အကျယ် မြေသားတာပေါင်ချဲ့ခြင်းနှင့် လမ်း တာပေါင် ရေမတိုက်စားစေရန် Geogrid / Terramesh / Reno-matress များဖြင့် မြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ B.O.T စနစ် ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆားမလောက် - မအူပင်လမ်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ပန်းတနော်မြို့ နယ်ရှိ ဆုတောင်းပြည့် - အိမ်မဲ လမ်း လမ်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ပုသိမ်ခရိုင် ကျောင်းကုန်း မြို့နယ်ရှိ လှည်းဆိပ် (စံပြ)ကျေးရွာအဝင် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ သို့ ရောက်ရှိရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာန နှင့် တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု၊ နာဂစ်လမ်း ၁၁ လမ်း လမ်း ကွန်ရက်ဖွံ့ဖြိုးတိုးတက်မှု စီမံ ကိန်းတွင် ပါဝင်သော Paved Road မဖြစ်သေးသော လမ်းများ ကို Paved Road ဖြစ်စေရန် ငါးနှစ် စီမံချက်ရေးဆွဲဆောင် ရွက်ထားရှိမှု၊ လမ်းများပေါ်ရှိ တံတားများ အဆင့်မြှင့်တင်ဆောင် ရွက်ထားရှိမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် များကို ရှင်းလင်းတင်ပြသည်။
စီမံချက်များ ရေးဆွဲထား
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သဘာဝဘေးဒဏ် ကာကွယ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိရန်၊ သဘာဝဘေးဒဏ် ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်သွားနိုင်ရေး လူ၊ ပစ္စည်း၊ စက်ယန္တရားများ စုစည်း ဆောင်ရွက်ထားပြီး ကာကွယ်ရေး စီမံချက်များ ရေးဆွဲထားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ် တိုးချဲ့ဆောင် တည် ဆောက်ရေးလုပ်ငန်းကို လည်း ကောင်း၊ Green Land Project အတွင်း နိုင်ငံ့ဝန်ထမ်း အိမ်ရာ စီမံကိန်းကို လည်းကောင်း၊ ချောင်းသာမြို့ရှောင်လမ်း ဖောက် လုပ်နေမှုကို လည်းကောင်း၊ ချောင်းသာ - ရွှေသောင်ယံ (ကမ်းခြေပတ်လမ်း) ၏ ချောင်း သာအပိုင်း မိုင် (၁/၀-၁/၁) ကြားရှိ စပါးထားတံတား သံပေါင်များ နိမ့်ကျပျက်စီးနေသည့် နေရာ၌ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ တံတားခံနိုင်ဝန် တန် ၆၀၊ နှစ်လမ်းသွား သံကူကွန်ကရစ် တံတား တည်ဆောက်မည့် လုပ်ငန်းခွင်ကိုလည်းကောင်း သွား ရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားကြောင်း သိရသည်။
သတင်းစဉ်