
နေပြည်တော် ဧပြီ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏ သီရိမြို့နယ် ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လတ်တလောဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရေး စာသင် တိုက်များသို့ လည်းကောင်း၊ ပရဟိတကျောင်းများသို့ လည်း ကောင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းလျက်ရှိသည့် အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ် ရိက္ခာများ ထောက်ပံ့ကူညီပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်