(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ

 

နေပြည်တော်    ဧပြီ     ၂၄


(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ  တတိယနေ့ကို ယနေ့နံနက်ပိုင်း က  နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပသည်။

 


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်     မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထား သည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက် မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ 

 


ယနေ့ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည်   ပြပွဲတွင်  ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၂၁ မှအတွဲအမှတ်  ၃၃၀ အထိ ပုလဲအတွဲ ၁၁၀ ကို ကြည့်ရှုစစ်ဆေးကြ ပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်း ထည့်သွင်းကြသည်။

 


ထို့နောက် ပုလဲအတွဲပေါင်း ၃၃၀ အနက် အတွဲ အမှတ် ၂၂၁ မှ အတွဲအမှတ်   ၃၃၀ အထိ ပုလဲ အတွဲ  ၁၁၀   အတွက်   တင်သွင်း ထားသော ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက  တင်ဒါ အမှတ် (၃) ကို မွန်းတည့် ၁၂ နာရီ တွင်     ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၁၀ ကို ရောင်းချ ရကြောင်း ကြေညာသည်။

 


ယမန်နေ့ပြပွဲတွင် ပုလဲအတွဲ အမှတ် ၁ မှ အတွဲ အမှတ် ၂၂၀ ကို  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ  ပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ကို ပြည်တွင်း၊    ပြည်ပ     ရတနာ ကုန်သည်များကို ရောင်းချနိုင်ခဲ့ သည်။

 


ပြပွဲစတုတ္ထနေ့တွင်  ဧပြီ  ၂၂  ရက်မှ  ၂၄  ရက် အထိ  ခင်းကျင်း ပြသထားသည့်   ကျောက်မျက် အတွဲ အမှတ် (၁) မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြည်တွင်း၊     ပြည်ပ    ရတနာ ကုန်သည်များကို       ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 


ယခုပြပွဲတွင်  ပုလဲအတွဲများ ကို    အမေရိကန်    ဒေါ်လာဖြင့်     ကြမ်းခင်းဈေး     သတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင်  ပြည်ပရတနာ ကုန်သည်များက    အမေရိကန် ဒေါ်လာ၊   ယွမ်ငွေတို့ဖြင့်  လည်း ကောင်း၊    ပြည်တွင်း    ရတနာ ကုန်သည်များက      အမေရိကန် ဒေါ်လာ၊     ယွမ်၊   ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ် ပြီး  ကျောက်မျက်၊  ကျောက်စိမ်း အတွဲများကို          ယူရိုငွေဖြင့် ကြမ်းခင်းဈေး   သတ်မှတ်ထားရှိ ကာ    ရတနာကုန်သည်များသည်       အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် ငွေတို့ဖြင့်  ပေးချေသွားရမည်ဖြစ် သည်။

 


ယခု      ကျင်းပပြုလုပ်သည့်     (၅၇) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို  ဧပြီ ၂၂ ရက် မှ   ၂၈  ရက်အထိ    မဏိရတနာ ကျောက်စိမ်းခန်းမ၌   ကျင်းပရာ ဧပြီ  ၂၂  ရက်မှ  ၂၄  ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်     ပုလဲ အတွဲပေါင်း   ၃၃၀  ကို ရောင်းချ နိုင်ခဲ့ပြီး  ကျောက်မျက်အတွဲ  ၁၂၀  ကို  ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့်   လည်းကောင်း၊  ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း     သိရ သည်။     
         

သတင်းစဉ်