
မော်ကျွန်း-မြင့်အောင်
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်ကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ ကူးပြောင်းရောက်ရှိသွားပြီ ဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှု၊ တိုးတက် မှု၊ အဆင်မပြေမှုများနှင့် ဆုံးရှုံးမှုများက ရောပြွန်းနေမည် ဖြစ်ပါသည်။ နှစ်ဟောင်းတွင် မအောင်မြင်မှုများကို သင်ခန်းစာယူ၍ နှစ်သစ်တွင် နောက်ထပ် အမှားတစ်စုံတစ်ရာမရှိရ လေအောင် သတိဖြင့် ဆင်ခြင်ကြရမည် ဖြစ်ပါသည်။
နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ အားအင်သစ်နှင့် ခွန်အားသစ်များနှင့် အတူ နှစ်သစ်ကိုဖြတ်သန်းကြရမည်ဖြစ် ပါသည်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သော နှစ်သစ်က စာရှုသူများကို ကြိုဆို နေပါသည်။ မြန်မာနှစ်သစ်အစမှစ၍ တိုးတက်အောင်မြင်လိုသူတိုင်းအတွက် တိုးတက်အောင်မြင်ရေး နည်းလမ်း ကောင်းများ ရှိရန်လိုပါသည်။ လက်တွေ့ နယ်ပယ်တွင် အောင်မြင်တိုးတက်မှု ရရှိသူများ ကျင့်သုံးလိုက်နာခဲ့သော နည်းလမ်းကောင်းများကို ရွေးချယ် တင်ပြလိုပါသည်။ စာရှုသူတို့ စာဖတ်ရှု ရုံဖြင့် အချိန်တိုအတွင်း တိုးတက် အောင်မြင်ရေး နည်းလမ်းကောင်းများ ရရှိသွားမည်ဖြစ်ပါသည်။ ဤနည်းလမ်း ကောင်းများကို စာဖတ်ရှုသူက အသေအချာ အလေးအနက် ခံယူပြီး လိုက်နာကျင့်သုံးပါက၊ နှစ်ဟောင်းတွင် ဆုံးရှုံးနစ်နာမှုများကို ဂရုပြုအလေး ထားပြီး ကျော်ဖြတ်ပါက နှစ်သစ်တွင် တိုးတက်အောင်မြင်မှုများက ဆီးကြို လိမ့်မည် ဖြစ်ပါသည်။
စာရေးသူ ရွေးချယ်တင်ပြထား သော တိုးတက်အောင်မြင်ရေးနည်းလမ်း ကောင်းများကို မြန်မာနှစ်သစ်တွင် ဘဝ တိုးတက်အောင်မြင်ရေးအတွက် အမှန် တကယ်လိုက်နာကျင့်သုံး အသုံးချမည် ဆိုပါလျှင် ဧကန်မုချ အကျိုးရှိမည် သာဖြစ်ပါသည်။ မြန်မာနှစ်သစ်တွင် တိုးတက်အောင်မြင်ရေး နည်းလမ်း ကောင်းများကို တင်ပြလိုက်ရပါသည်။
မိတ်ဆွေကောင်းကိုရွေးပေါင်းပါ
- ကျေးဇူးပြုတတ်သူ
- တူညီသည့် ချမ်းသာဆင်းရဲရှိသူ
- အကျိုးစီးပွားကို
ပြောကြားတတ်သူ
- အစဉ်စောင့်ရှောက်တတ်သူ
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူ များကို မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ပြီး မိတ်ဆွေကောင်းများကို ရွေးပေါင်းရမည်ဟု ဆိုလိုရင်းဖြစ်ပါ သည်။ စစ်မှန်သော မိတ်ဆွေကောင်း တို့သည် မိမိအကျိုးစီးပွား ယုတ်လျော့ အောင် ဘယ်တော့မှ ပြုလုပ်ကြမည် မဟုတ်ပေ။ အကျိုးစီးပွားတိုးတက် အောင်သာ ပူးပေါင်းအကြံဉာဏ်ဖြင့် အကျိုးပြုလေ့ရှိပါသည်။ မိတ်ဆွေ ကောင်းများအား ရွေးချယ်ပေါင်းသင်းဆက်ဆံနိုင်ရန်သာ အရေးအကြီးဆုံးဖြစ် ပါသည်။ အခြေခံအချက်တစ်ခုကတော့ သူတစ်ပါးက မိမိအတွက် မိတ်ဆွေ ကောင်းဖြစ်သလို မိမိကိုယ်တိုင်ကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်း ဖြစ်နေရန်လိုပါသည်။ မိတ်ဆွေကောင်း များကို ရွေးချယ်ပေါင်းသင်းကြရန် ဖြစ်ပါသည်။
အမြင့်နှင့်လေတိုက်နှုန်း
အမြင့်ကကျလျှင် ပိုပြီးနာတတ် သည်ဆိုသော စကားကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကြားဖူးခဲ့ကြပါသည်။ ကြားဖူးရုံတင်မက ကြုံဖူးကြသူတွေ လည်း အများကြီးရှိကြပါသည်။ အမြင့် ရောက်လေ ပိုပြီးလေတိုက်လေဖြစ် သည်။ လေတိုက်သည်ဆိုသည်က ခက်ခဲမှုတွေ ပိုပြီးများလာသည်ဟု တင်စားပြောခြင်းဖြစ်ပါသည်။ အမြင့် ရောက်သွားလျှင် အောင်မြင်မှုက အထိုက်အလျောက်ရှိလာရာ အခက် အခဲတွေက ပိုမိုညင်သာလာတတ် သည်။ အောက်ခြေမှာကဲ့သို့ ကြမ်းတမ်း သည့် အသွင်မဆောင်တော့ပေ။ ထိုအခါ လူသည် အောက်ခြေလွတ် သွားတတ်သည်။ မိမိ၏ကွာဟလာသည့် အခြေအနေကိုကြည့်ပြီး ကြည်နူး ကျေနပ်ကာ ကြိုးစားမှုကို လျှော့ချလိုက် တတ်သည်။ ငါလုပ်ရင် ဘာမဆို ဖြစ်တယ်ဟု အထင်ရောက်သွားတတ် ပြီး တဖြည်းဖြည်း ကျဆင်းလာသည့် အခြေအနေကိုတော့ သတိမထား ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အမြင့်ရောက်လေ ပိုပြီးတော့သတိထား ကြိုးစားကြရမည်သာ ဖြစ်ပါသည်။
ဇွဲနှင့် သတ္တိ
တကယ့်သတ္တိဆိုတာ မိမိဘဝ အတွက် လုပ်သင့်လုပ်ထိုက်သောအရာ များကို ရဲဝံ့စွာဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်ခြင်းဖြစ်သည်၊၊ မလုပ်သင့် မလုပ်ထိုက်သော အရာများကို ရှောင်ကြဉ် လိုက်ခြင်းသည်လည်း သတ္တိပဲ ဖြစ်ပါသည်၊၊ မှန်တာကို လုပ်ရဲခြင်းသည် သတ္တိဖြစ်သလို မိမိပြုလုပ်ထားသော အမှုကိုဝန်ခံရဲခြင်း၊ ရှောင်ကြဉ်နိုင်ခြင်း တို့သည်လည်း သတ္တိပင်ဖြစ်ပါသည်၊၊ တိုးတက် အောင်မြင်လိုသူတိုင်းသည် သတ္တိရှိရ မည်သာဖြစ်ပါသည်၊၊ ဇွဲဆိုတာ တစ်ခုခု ကို အချိန်ကြာမြင့်စွာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်၊၊ ဇွဲနှင့်သတ္တိနှစ်ခုပေါင်း၍ အဓိပ္ပာယ်ဖွင့်ဆိုပါက မိမိဘဝအတွက် ပြုလုပ်သင့်သည်များကို အချိန်များစွာ ဖြင့် အကောင်းဆုံးလုပ်ဆောင်ခြင်းဟု မှတ်ယူရမည်ဖြစ်ပါသည်၊၊ နှစ်သစ်တွင် အောင်မြင်တိုးတက်မှုရရှိလိုပါက ဇွဲ လည်းလိုပါသည်၊၊ သတ္တိလည်း လိုပါ သည်၊၊
ယုံကြည်မှုကိုတည်ဆောက်ခြင်း
လူဟာ မိမိယုံကြည်သည့် လမ်း ကြောင်းမှာပဲ အောင်မြင်မှုကိုရှာဖွေ တတ်သလို မိမိလိုချင်သည့် အောင်မြင်မှု ကိုလည်း ယုံကြည်မှုပြည့်ဝစွာဖြင့် တည်ဆောက်ကြရမည် ဖြစ်ပါသည်၊၊ ယုံကြည်မှုမရှိလျှင် ဘာတစ်ခုကိုမျှ မလုပ်ဆောင်ပါနှင့်။ ဘာကြောင့်လဲ ဆိုတော့ အောင်မြင်မည်ဟု ယုံကြည် သူများသာ အောင်မြင်ခြင်း လမ်းမထက် မှာ ရပ်တည်နေနိုင်၍ဖြစ်ပါသည်။ သို့ရာ တွင် ယုံကြည်မှုဆိုတာက မျက်ကန်း ယုံကြည်မှုနှင့် ဖြစ်နိုင်သော ယုံကြည်မှု ဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်၊၊ မိမိအနေ အထားဖြင့် ဘယ်လိုမှမဖြစ်နိုင်သည့် အရာကို ယုံကြည်ခြင်းသည် မျက်ကန်း ယုံကြည်မှုမျိုးဖြစ်ပြီး ထိုသို့ ယုံကြည်လိုက်သည့်အတွက် စိတ် စွမ်းအား၊ ရုပ်စွမ်းအားများကို ကျဆင်း စေပါသည်၊၊ ဖြစ်နိုင်လောက်သည့် ယုံကြည်မှုမျိုးကိုသာ ထားရမည်ဖြစ်ပါ သည်၊၊ ဖြစ်နိုင်လောက်သည့် ယုံကြည် မှုကို မိမိလက်ရှိ အနေအထားနှင့် အခြေအနေကိုကြည့်၍ ဖန်တီးရမည်ဖြစ် သည်။
တိုးတက်အောင်မြင်မှုရဲ့
အကြောင်းတရားများ
ဆက်လက်ပြီး စာရေးသူတင်ပြလို သော အကြောင်းအရာမှာ တိုးတက် အောင်မြင်မှုရဲ့ အကြောင်းတရားများ ဖြစ်ပါသည်၊၊ အရေးပါသော အောင်မြင်မှု ပန်းတိုင်၏ အချက်ကြီးငါးချက်ကို စာရှုသူများ လိုက်နာကျင့်သုံးပါလျှင် ယခု မြန်မာနှစ်သစ်မှစ၍ တိုးတက် အောင်မြင်နိုင်ကြမည် ဖြစ်ပါသည်၊၊
တိုးတက်အောင်မြင်မှုရဲ့ အကြောင်း တရားများ-
၁။ ဉာဏ်
၂၊၊ ဆုံးဖြတ်ချက်
၃။ ဝီရိယ
၄၊၊ စေ့စပ်သေချာမှု
၅။ ကံ
ဘဝတွင် တိုးတက်အောင်မြင်သူ တိုင်းသည် ဒီအကြောင်းတရားငါးပါးနှင့် ပြည့်စုံအောင်နေရမည်ဟု ဆိုထားပါ သည်။ ဒီအကြောင်းအရာ ငါးခုလုံးမှာ မွေးရာပါအကြောင်းတရားများချည်းတော့ မဟုတ်ကြပါ၊၊ ကံနှင့် ဉာဏ်က လွဲလျှင် ကျန်သည့်အကြောင်းအရာ သုံးပါးသည် ဖြည့်ဆည်းလို့ရပါသည်၊၊
အလုပ်တစ်ခုကို လုပ်သည့်အခါတွင် ဆုံးဖြတ်ချက် ခိုင်မာမည်၊ ဝီရိယရှိမည်၊ စေ့စပ်သေချာစွာ လုပ်ဆောင်မည်ဆိုပါ က ဉာဏ်နှင့် ကံလည်း ကောင်းလာမည် ဖြစ်ပါသည်၊၊ ကံနှင့် ဉာဏ်ရှိပြီး ဝီရိယ မရှိပါက ထိုက်သင့်သော အောင်မြင်မှုကို မရနိုင်ပါ။ ထိုက်တန်သောရလဒ်တိုင်းမှာ ထိုက်တန်သောပေးဆပ်မှု ရှိရပါမည်၊၊ တိုးတက်အောင်မြင် လိုသူတိုင်းသည် မိမိကိုယ်ကို အမြဲစစ်ဆေးနေရမည် ဖြစ်ပါသည်၊၊ သို့မှသာ တိုးတက် အောင်မြင်ခြင်း၏ အကြောင်းအရာများ နှင့်အတူ တိုးတက်အောင်မြင်မည်ဖြစ် ပါသည်၊၊
ဤဆောင်းပါးသည် မြန်မာနှစ်သစ် တွင် တိုးတက်အောင်မြင်မှု ရရှိစေနိုင် မည့် နည်းလမ်းကောင်းများကို စာရေး သူက ရွေးချယ်စိစစ်၍ စာဖတ်သူများထံ အကျိုးရှိရာရှိကြောင်း ကြိုးစားတင်ပြ လိုက်ရခြင်းဖြစ်ပါသည်၊၊ ရေးသားတင်ပြ ထားသော တိုးတက်အောင်မြင်မှုရရှိစေ မည့် လွယ်ကူရှင်းလင်းသော နည်းလမ်း ကောင်းများကို ဖတ်ရှု၍လိုက်နာကျင့်သုံး ဆောင်ရွက်ကြမည်ဆိုပါလျှင် အဘက် ဘက်က အောင်မြင်ပြည့်စုံသူများ ဖြစ် လာနိုင်ပါသည်။ စာရှုသူများ မြန်မာ နှစ်သစ်တွင် ကျန်းမာချမ်းသာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝရလေအောင် တိုးတက် အောင်မြင်မှုရရှိစေမည့် နည်းလမ်းကောင်းများကို ဖတ်ရှုပြီး အတိုင်းအတာတစ်ခုအထိ အကျိုးပြု နိုင်စေရန် ဆန္ဒပြုရေးသားလိုက်ရပါ သည်၊၊ ။
- Log in to post comments