ဆီကြိတ်နိုင်သည့် ရှမ်းပဲပုပ် မန္တလေးဈေးကွက်၌ ရောင်းအားကောင်း

 

မန္တလေး   ဧပြီ   ၂၃


သင်္ကြန်အလွန်ကာလ နှစ်သစ် အခါသမယတွင် မန္တလေး ပဲဈေး ကွက်၌  ပြည်ပပို့ကုန်   ပဲအမျိုး အစားများ     ရောင်းအား ကောင်းမွန်    သွက်လက်‌နေ ကြောင်း မန္တလေး  ပဲကုန်သည် များထံမှ သိရသည်။

 


သင်္ကြန်အပြီး    မန္တလေး ပဲဈေးကွက် စတင်ဖွင့်လှစ်ချိန် တွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး   ပြည်ပ ပို့ကုန် ပဲအမျိုးအစားများဖြစ် သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပြောင်းဖူး စေ့၊ နှမ်း၊  မြေပဲလုံးဆန်၊  မြေ ထောက်ပဲ၊ ပဲကြီး၊  ပဲဇီးကွက် စသည့်  ပဲအမျိုးအစားများ ရောင်းအားကောင်းလျက်    ရှိ ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်း မြင့် (စိုးဝင်းမြင့်ပွဲရုံ) က   ပြော သည်။

 


“မန္တလေးဈေးကွက် စတင် ဖွင့်လှစ်ချိန်မှာပဲ ရောင်းသူဝယ်သူ တွေနဲ့ လူစုံတက်စုံ စည်ကားနေ ပြီး အရောင်းအဝယ်တွေလည်း သွက်လက်‌နေပါတယ်။ ဒီနှစ် ထူးခြားချက်ကတော့  ရှမ်းပဲပုပ် ကို ဆီအဖြစ်ကြိတ်ပြီး မန္တလေးဈေး ကွက်အတွင်းမှာ ရောင်းချနေကြ တယ်။ ပဲပုပ်ကို   ဆီကြိတ်တာ ကလည်း နေကြာဆီလိုပဲ ပြည်ပ က ဆီဝင်ရောက်မှုကို  အထိုက် အလျောက် လျှော့ချနိုင်ပါတယ်။ ကျန်းမာရေးနဲ့    ညီညွတ်ပြီး အန္တရာယ်ကင်းရှင်းတဲ့ ပဲပုပ်ဆီ ကို စားသုံးသင့်ပါတယ်။ ပဲပုပ်ဆီ နှစ်မျိုးရှိတဲ့အနက် မြန်မာပဲပုပ် ထက် ရှမ်းပဲပုပ်ဆီကို တွင်တွင် ကျယ်ကျယ်နဲ့ ရောင်းချလာကြ တာကို တွေ့ရပါတယ်”ဟု ၎င်းက ရှင်းပြသည်။

 


လက်ရှိအချိန်တွင် မန္တလေး ပဲဈေးကွက်အတွင်း အိန္ဒိယပို့ကုန် ဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ တရုတ် ပြည်ပို့ကုန်များဖြစ်သည့် ပဲတီ စိမ်း၊ နှမ်း၊  မြေပဲလုံးဆန်၊   ပဲ ဇီးကွက်၊ ပဲယင်း၊ ထောပတ်ပဲ၊ ထိုင်းပို့ကုန်ဖြစ်သည့် ပြောင်းဖူး စေ့တို့မှာ သင်္ကြန်မတိုင်မီကာလ ကထက်  ဈေးနှုန်းများ   ပိုမို မြင့်တက်ကာ ရောင်းအားကောင်း လျက်ရှိကြောင်း၊   ဈေးကွက် အတွင်း ပြည်တွင်းစားသုံးဆီများ အနေဖြင့် ပုံမှန်ဈေးနှုန်းများဖြင့် သာ အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိတွင် ပဲဆီတစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ နှမ်းဆီတစ်ပိဿာ လျှင် ကျပ် ၈၀၀၀၊  နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၅၅၀၀ မှ ၆၀၀၀၊ ပဲပုပ်ဆီတစ်ပိဿာလျှင် ကျပ် ၆၅၀၀ မှ ၇၀၀၀ ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။


မင်းထက်အောင်
(မန်းကိုယ်ပွား)