ကယားပြည်နယ်အစိုးရအဖွဲ့က နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 

လွိုင်ကော်     ဧပြီ    ၂၃


ကယားပြည်နယ်အစိုးရအဖွဲ့က  နေရပ်ပြန်ပြည်သူများအတွက်  ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကို  ယမန်နေ့က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က   အမှာစကားပြောကြားရာတွင်   ပြည်နယ်အတွင်း အခြေအနေ     အကြောင်းအမျိုးမျိုးကြောင့်    နေရပ် စွန့်ခွာပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်း လာပြီဖြစ်၍  ပြည်နယ်အတွင်းသို့   ပြန်လည် ဝင်ရောက်လာသော      နေရပ်ပြန်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့် စားသောက်ကုန်၊   အသုံးအဆောင်ပစ္စည်းများနှင့် နေအိမ်အဆောက်အအုံများ     ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊   ပြည်သူများ၏ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အခြားကျန်းမာ ရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် ပြည်သူ့ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါး များ   ပြည့်စုံအောင်   စီစဉ်ထားရှိပေးထားကြောင်း၊   ပြည်နယ်  တည်ငြိမ်အေးချမ်းလာစေရေးအတွက် ဆောင်ရွက်နေမှုများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့်   ပြည်သူများ၏   အပြန်အလှန်ယုံကြည် လေးစားမှုနှင့် ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီး ကြောင်း ပြောကြားသည်။

 


ဆက်လက်၍       ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)   ဒေသကွပ်ကဲရေးမှူး   ဗိုလ်မှူးကြီး မြတ်မင်းမိုး၊   လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊   လူမှုရေးရာဝန်ကြီး  ဦးအောင် ဝင်းဦးနှင့်     ပြည်နယ်အစိုးရအဖွဲ့   အတွင်းရေးမှူး ဦးအံ့မော်တို့က   ဒေသအတွင်း  ပြန်လည်ထူထောင် ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လုံခြုံရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး     လုပ်ငန်းဆောင်ရွက်နေမှုများနှင့်‌    နိုင်ငံသားတိုင်း   နိုင်ငံသားကတ်ပြားရရှိရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက   လွိုင်ကော်ခရိုင်အတွင်းရှိ  ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားကျောင်းများ၊  သီလရှင်ကျောင်း များ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များဖြစ်သော မိုင်းလုံး၊ ပန်ကန်း၊ ချိကယ်၊ ဒေါဆော်ဘီး၊ ထူသူငံသ၊ မှုံပြာ၊ ရွာတန်းရှည်နှင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ အိုကေကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၊  သာယပ်ကျေးရွာများရှိ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်အဆောက်အအုံများ ပြန်လည် ပြုပြင်ရန်အတွက်     အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊   နေရပ်ပြန်ပြည်သူများအတွက် စားသောက်ကုန်၊   အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ   သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာ များမှ ရပ်မိရပ်ဖများက လက်ခံရယူကြသည်။

 


ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာများကိုယ်စား  တက်ရောက်လာကြသောပြည်သူများက သိရှိလို သည်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့်အစီအစဉ်များ ကို ပြန်လည်ရှင်းလင်းဖြေကြားသည်။  

 


ယနေ့အခမ်းအနားတွင် လွိုင်ကော်ခရိုင်အတွင်း ပျက်စီးသွားသောအဆောက်အအုံ စုစုပေါင်း ၁၄၀ အတွက် ထောက်ပံ့ငွေကျပ် ၄၁၉၀၀၀၀၀၊ သွပ် အချပ် ၂၉၆၀ ၊ ဘိလပ်မြေ ၁၁၇၈ အိတ်၊ ယာယီတိုက်ပွဲရှောင်  စခန်း   ဖွင့်လှစ်ထားသော  ဘုန်းတော်ကြီးကျောင်း များနှင့်        ခရစ်ယာန်ဘုရားကျောင်းတို့အတွက် လှူဒါန်းငွေကျပ် ၈၅၀၀၀၀၊   မှုံပြာကျေးရွာနှင့် ကျွန်းတောကျေးရွာရှိ နေရပ်ပြန်အိမ်ထောင်စု ၃၆၀ နှင့် ယာယီရှောင်တိမ်း အိမ်ထောင်စု ၁၃၅ စုတို့ အတွက် ဆန်ခြောက်ပြည်အိတ် ၄၆၉ အိတ်၊ ဆီ ၁၅၃ ပိဿာ၊ ဆား ၁၀၈ ပိဿာနှင့် ကြက်သွန် ၂၃၈ ပိဿာ တို့အတွက် ငွေကျပ်  ၆၁၉၁၂၇၀ ဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ငွေမှာ ငွေကျပ် ၇၉၈၉၄၇၂၀ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်      ပေးအပ်မှုအနေဖြင့် လွိုင်ကော်၊   ဒီးမော့ဆိုနှင့်   ဖရူဆိုမြို့နယ်များမှ ပြည်သူ  ၆၆၁ ဦးအတွက်  ပေးအပ်ကြောင်း  သိရသည်။


ပြည်နယ် (ပြန်/ဆက်)