
နေပြည်တော် ဧပြီ ၂၃
တိုင်းဒေသကြီး/ ပြည်နယ်ပညာ ရေးမှူးများနှင့် ခရိုင်ပညာရေးမှူး များအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။(အောက်ပုံ)
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မြန်မာနိုင်ငံ၌ ပညာရေးပြုပြင် ပြောင်းလဲမှုများ ကို ဆောင်ရွက်လျက်ရှိရာ KG+12 စနစ်သစ် သင်ရိုးတန်းများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများ ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ရက် မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း၊ ထို့အတွက် ပညာရေးမှူး များအနေဖြင့် သက်ဆိုင်ရာဒေသ အလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ပိုင်းနှင့်ပတ်သက်၍ စီမံအုပ်ချုပ် ရာတွင် အလွဲအမှားများ မရှိစေ ရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်၍ ၁/၂၀၁၇၊ ၃၅/ ၂၀၁၇ နှင့် ၁/၂၀၂၂ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် အောင် လေ့ကျင့်သင်ကြားပေး ရမည် ဖြစ်သကဲ့သို့ စွမ်းဆောင်ရည် ရမှတ်များကို မှတ်တမ်းများ ပြုလုပ်၍ ရုံးချုပ်သို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ အခြေခံပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆရာ ဆရာမကြီးများအပေါ် တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူ ဆောင်ရွက်နေ သည့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများ နှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို ညွှန်ကြားချက်နှင့်အညီ စနစ် တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ ကိုယ်တိုင်ကလည်း လေ့လာ သင်ယူ၍ မိမိတာဝန်ယူရသော နယ်မြေများတွင်လည်း အနာဂတ် နိုင်ငံတော်အတွက် အားထားရ သော နိုင်ငံ့သားကောင်းရတနာ များ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားကြရန် ဆွေးနွေးပို့ချသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ပညာရေးမှူးများ က တိုင်းဒေသကြီး/ ပြည်နယ်များ ၏ အခြေခံပညာကဏ္ဍဆောင်ရွက် မှုများကို တင်ပြကြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်