
သီပေါ ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သီတဂူစက္ခုဒါန အခမဲ့ကုသရေးဆေးရုံကြီး ကို ကိုဗစ်-၁၉ ကာလအတွင်း လပေါင်း များစွာ ခွဲစိတ်ကုသမှုလုပ်ငန်းများ ရပ်ဆိုင်း ထားရာမှ ပြန်လည်ကုသပေးနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာမြတ်မုနိဘုရားကြီး စက္ခုဒါနဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ သီတဂူစက္ခုဒါနဆေးရုံဝိုင်းတော် သားများ၊ ပရဟိတစေတနာရှင်လူငယ်များ၊ ရေကြည်တော်ဝတ်အသင်းသားများ တက် ရောက်ကြသည်။
ရှေးဦးစွာ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်နှင့် သီတဂူ(သီပေါ)စက္ခုဒါန ဆေးရုံတော်ကြီး၏ ပဓာနနာယက ဆရာ တော် ဘဒ္ဒန္တ ပညာသီရိအရှင်သူမြတ်ထံမှ ငါးပါးသီလနှင့် ဩဝါဒခံယူကြသည်။
လာမည့် မေ ၂၄ ရက်တွင် မျက်စိရောဂါ စတင်စစ်ဆေး ပြီး မေ ၂၅၊ ၂၆ နှင့် ၂၇ ရက် တို့တွင် ခွဲစိတ်ကုသပေးမည်ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များ မေ ၂၄ ရက်တွင် သီတဂူစက္ခုဒါနဆေးရုံကြီးသို့ အရောက်လာကြရန်နှင့် စာရင်းများ ကြိုတင်ပေးသွင်းကြရန် သီတဂူဆေးရုံ တာဝန်ခံဆရာတော်က မိန့်ကြားသည်။
မျက်စိဝေဒနာရှင်များ အခမဲ့ကုသပေး နိုင်ရေးအတွက် စေတနာရှင်များအနေဖြင့် ကုသိုလ်ဒါနပါဝင်လှူဒါန်းလိုပါက သီတဂူ စက္ခုဒါနဆေးရုံ တာဝန်ခံဆရာတော် အရှင်ပညာသီရိ ဖုန်း ၀၉-၅၂၇၈၁၇၃ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်း(သီပေါ)