
နေပြည်တော် ဧပြီ ၂၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ ဧပြီ ၂၃ ရက်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၃ မျိုး စုစုပေါင်း ၂၂၂၄၄ ဒသမ ၀၀ Kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုမှ Digital Blood Pressure Monitor ၆၅၀၊ Glucose Injection ၁၀၈၀၀၊ Paracetamol Tablet ၃၉၈၀၀၊ Scalp Vein Set ၆၅၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်